ခမ်းသားငေါဝ်း
ဇွန် ၁၆၊ ၂၀၂၄

အခက်အခဲများကြားမှ ဖွင့်ထားသည့် ထိုင်းမြန်မာနယ်စပ်ရှိ သူရိယစန္တာ ပအိုဝ်းအမျိုးသားအထက်တန်းကျောင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် ကျောင်းဖွင့်ပွဲကျင်းပခဲ့ခဲ့ကြောင်း သိရသည်။

သူရိယစန္တာပအိုဝ်းအမျိုးသားအထက်တန်းကျောင်းအား ပအိုဝ်းအမျိုးသားပညာရေးအတွက် ပအိုဝ်းကျောင်းသားနှင့်လူငယ်များကွန်ဂရက်(စ်) (PSYC)မှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်ကျောင်းသားကျောင်းသူ ၂၃ ဦးလာရောက်ပညာသင်ကြားကြကြောင်း သိရသည်။

“ကလေးတွေအတွက် ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးကအစ တာဝန်ယူပေးရတော့ မြေပြင်မှာဦးဆောင်လုပ်ရတဲ့သူတွေအတွက် အခက်အခဲတွေအများကြီးရှိတယ် ဒါပေမယ့်မျိုးချစ်စိတ်ကိုအရင်းခံပြီး လုပ်ဆောင်ကြတာဖြစ်လို့ ခက်ခဲတဲ့ဒဏ်ကို ခံနိုင်ရတယ်”ဟု ကျောင်းတာဝန်ခံ ကျောင်းဆရာခွန်မောင်းရုဲင်းက ပြောသည်။

လာရောက်ပညာသင်ကြားသည့် ကျောင်းသူ၊ကျောင်းသားအများစုသည် ဆီဆိုင်ရှိစစ်ဘေးရှောင်သည့်သူများ အများဆုံးဖြစ်ကြကြောင်း သိရသည်။

သူရိယစန္တာ ပအိုဝ်းအမျိုးသားအထက်တန်းကျောင်းတွင်
(၁) Paoh
(၂) English
(၃) Mathematics
(၄) Social Science
(၅) General Science
(၆) World History (Study of the Nations)
(၇) Thai language စသည့်ဘာသာရပ်များအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းလူငယ်များကြားတွင် ပညာသင်ကြားသည့် လူငယ်ဦးရေ မြင့်မားလာစေရန်၊ နိုင်ငံတကာအဆင့် တက္ကသိုလ်များတွင် ဘွဲ့ရလူဦးရေ တိုးပွားလာစေရန်၊ ဘာသာရပ်အလိုက် ပညာရှင်များ လျင်မြန်စွာ ပေါ်ထွက်လာစေရန်၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်၊ မူးယစ်ဆေးဝါး၏ အန္တရာယ်ဆိုးကျိုးများကို သိရှိနားလည်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော လူငယ်များ ဖြစ်လာစေရန်၊ လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက် နှင့် အတွေး အမြင်များ တူညီစေရန်၊ စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/suriyasanta22?mibextid=ZbWKwL
PPV001

Leave a Reply

Your email address will not be published. Required fields are marked *