ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၄

ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဒေသခံကားများကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားနေသည့် ဒေသနှင့် ရှမ်း-ကယား နယ်စပ်တို့တွင် ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ဒေသခံများ စစ်ရှောင်ရာကနေမှပြန်လာပြီးနောက်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒေသခံများကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်နေသည့် ရှမ်းကယားနယ်စပ်ဒေသသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားခြင်းများရှိနေကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့နေရာအထိကားပိုင်ရှင်ပါ လိုက်သွားရတော့ လုံခြုံရေးအစစိုးရိမ်ရတာတွေရှိတယ်။ သူတို့အဲလိုလုပ်လို့ တစ်ချို့ကား အကြီးရှိတဲ့လူဆို ထပ်မံထွက်ပြေးတိမ်းရှောင်ရတာတွေရှိတယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီချောဆွဲရာတွင် ၄င်းတို့ သွားလိုရာတွင် လိုက်ပို့ရပြီး ကားကုန်ကျစရိတ်ကိုလည်း ကျေးရွာဒေသခံများက အကုန်ကျခံထုတ်ပေးရကြောင်းသိရသည်။

ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်သာရှိနေပြီး စစ်ကောင်စီလည်း လက်နက်ကြီးပစ်ခတ်မှုရှိနေဆဲဖြစ်ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *