ခမ်းသားငေါဝ်း
ဇွန်လ ၁၅၊ ၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကိုဇွန်လ ဒုတိယပါတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် AA ကဇွန်လ ၁၄ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

မောင်တောမြို့နယ်အတွင်းရှိ နခခ ၄ တပ်ရင်းငှာနချုပ်နှင့် အလယ်သံကျော်စခန်းတို့ကို ဇွန်လ ၁၀ ရက်နေ့ တွင်လည်းကောင်း၊ မောရဝတီဗျူဟာနှင့် နခေါင်းတိုစခန်းတို့အား ဇွန်လ ၁၃ ရက်နေ့တွင်လည်းကောင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇွန်လပထမပါတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊မြင်းလွတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ ၆ စခန်းနှင့် နခခ ၉ စခန်းတို့ကိုအပြီးသတ်သိမ်းပိုက်ထားကြောင်းသိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း AA ကဆိုသည်။

တစ်ပြိုင်နက်တည်းတွင်လည်း မောင်တော၊ အမ်း၊ သံတွဲမြို့များ၌ ရှိသောစစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း AA ကဆက်လက်ထိုးစစ်ဆင်နေပြီး ဇွန်လ ၁၃ ရက်နေ့တွင် တောင်ကုတ်မြို့နှင့် ၈ မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း တံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်းသိရသည်။

တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း၊စစ်လက်နက် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး၊ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိကာ၊ လက်နက်ချအညံ့မခံပဲ ထွက်ပြေးနေသည့် စစ်ကောင်စီတက်ဖွဲ့ဝင်များအား ဆက်လက်လိုက်လံရှာဖွေရှင်းလင်းနေကြောင်း AA ကထုတ်ပြန်ထားသည်။

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *