ခမ်းသားငေါဝ်း
ဇွန် ၁၃၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တိုက်ပွဲဖြစ်ပွားသည့် လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။

တိုက်ပွဲဖြစ်သည့် ၁၄၀ ရက်အတွင်း အရပ်သားပြည်သူ ၇၇ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၁ ရှိကာသေဆုံးသူသည် လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်းတွင် လက်နက်ကြီးပစ်ခတ်မှု ၃၅၃၈ ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု ၄၆၃ ကြိမ်ရှိပြီး တိုက်ပွဲအတွင်းတွင် လူနေအိမ်၊ဆေးရုံ၊ဘာသာရေးအဆောက်အဦးအပါအဝင် ၇၀၈ ခုပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ပင်လောင်း ၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်တို့တွင် အရပ်သား ၅၄၃၀၀ ဦး နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *