ခမ်းသားငေါဝ်း
ဇွန် ၁၃ ၊ ၂၀၂၄

ရွှေစျေးနှင့်ဒေါ်လာစျေးပြန်ကျသော်လည်း အခြေခံစားသောက်ကုန်များစျေးဆက်လက်မြှင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလက ရွှေစျေးနှင့် နိုင်ငံခြားငွေလဲနှုန်းအဆမတန်မြှင့်တက်ခဲ့ပြီး အခြေခံစားသုံးကုန်များလည်း စျေးမြှင့်တက်ခဲ့ကာ ယခုတွင် ရွှေစျေးများ ပြန်လည်ကျဆင်းသော်လည်း အခြေခံစားသုံးကုန်စျေးနှုန်းများ ဆက်လက်မြှင့်တက်နေခြင်းကြောင့် ‌အခြေခံလူတန်းစားပြည်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေသည်၊၊

“စျေးနှုန်းတွေက ကိုယ်ရတဲ့လစာနဲ့မကိုက်တော့ဘူး ဝင်ငွေနဲ့ထွက်ငွေကလုံးဝမညီမျှတော့ဘူး ဖရုံရွက်တောင်တစ်စီးငါးရာ အသားငါးတွေမစားနိုင်လို့အသီးအရွက်တွေဝယ်စားပါတယ်ဆို အသီးအရွက်တွေပါစျေးတက်ကုန်တော့ ဘာစားရမှန်းမသိတော့ဘူး ဆန်၊ဆီ၊စား အကုန်အကုန်စျေးတက်တယ် ဘယ်လိုရှေ့ဆက်ရမှာတောင်မသိတော့ဘူး”ဟု တောင်ကြီးမြို့ရှိ ပြည်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ကုန်စျေးနှုန်းမြှင့်တက်နေခဲ့ရာ ယခုတွင် ပိုပြီးဆေးမြှင့်တက်နေပြီးပြည်သူများများ အခက်အခဲကြုံနေကြောင်းသိရသည်။

“ရွှေတစ်ပိဿာကျပ်သိန်း ၄၀ ကျော် ၅၀ နီးပါးဆိုတာ တစ်သက်မှာတစ်ခါပဲကြားဖူးတယ် ဆန်ဆိုလည်း တစ်သိန်းကျော် ၂ သိန်းနီးပါးတဲ့ ဆီဆိုရင် အခုစားနေတာဆိုရင် ၁ ပိဿာ ၁ သောင်း ၈ ထောင်ကျော် အိမ်လခ၊ သားသမီးကျောင်းသွားတဲ့စရိတ် စားစရိတ်နဲ့ကိုယ့်ဝင်ငွေက ဘယ်လိုမှမကာမိတော့ဘူး”ဟု ၄င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းမြှင့်တက်သော်လည်း ဝန်ထမ်းလစာတိုးလာခြင်း၊ အခြေခံလစာများတိုးမြှင့်လာခြင်းမရှိသည့်အပြင် လစာတိုးပေးသည့်ကုမ္ပဏီများကိုလည်း စစ်ကောင်စီကလိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *