ခမ်းသားငေါဝ်း
ဇွန် ၁၃၊ ၂၀၂၄

မဲနယ်တောင်ဒေသတွင် တိုက်ပွဲနောက်တစ်ကြိမ်ဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် နှစ်ရှည်ပင်ထက်အမြန်ရိတ်သိမ်းနိုင်မည့် သီးနှံပင်များအား စိုက်ပျိုးထားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသတွင် နောက်တစ်ကြိမ်တိုက်ပွဲပြန်ဖြစ်လာမည်ကိုစိုးရိမ်သည့်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီ၊ ဘိန်း၊ လက်ဖက်၊ သနပ်ဖက်များကို မစိုက်ပျိုးကြတော့ဘဲ မိသားစုစားဝတ်နေရေးအတွက် အလွယ်တကူစားသုံးလို့ရမည့်ဟင်းသီးဟင်းရွက်နှင့်စပါး၊ ပြောင်းတွေကိုသာအဓိကထားပြီးစိုက်ပျိုးခဲ့ကြောင်းသိရသည်။

“နောက်တစ်ကြိမ် တိုက်ပွဲပြန်ဖြစ်မှာကို စိုးရမ်တယ်ပေါ့နော်၊ဒါကြောင့်နှစ်ရှည်ပင်တွေကို မစိုက်ပျိုးတော့ဘဲနဲ့နှစ်ရှည်ပင်အစား အလွယ်တကူစားသုံးလို့ရမဲ့ဟာကိုပဲ ပိုပြီးစိုက်ဖြစ်တယ် ၊စိုက်ပျိုးတဲ့နှုန်းကလည်းအရင်ကထက်ပိုနည်းလာတယ်”ဟုဒေသခံတစ်ဦးကဘခမ်းသားငေါဝ်းကိုပြောသည်။

ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသတွင်တိုက်ပွဲဖြစ်သည့်အချိန်မှစ၍ PNOပြည့်သူစစ်ကရွာရဲ့အဝင်အထွက်ကိုတင်းကျပ်စွာစစ်ဆေးနေပြီး၊တိုက်ပွဲအတွင်းပျက်စီးသွားသည့်နေအိမ်များကိုဒေသခံပြည်သူများက ပြန်လည်‌တည်ဆောက်နေကြကြောင်း သိရသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *