ခမ်းသားငေါဝ်း
ဇွန် ၁၃၊ ၂၀၂၄

ယခုရက်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းသည့်အတွက် ဂေါ်ဖီခင်းများပျက်စီးကုန်ပြီး ဂေါ်ဖီထုပ်များ အဆမတန်စျေးမြှင့်တက်နေကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဂေါ်ဖီထုပ်စိုက်သည့်ဒေသများတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဂေါ်ဖီထုပ်များပျက်စီးကုန်ပြီး ရှားပါးလာသည့်အတွက် စျေးတက်နေသည်။

“မိုးအရမ်းရွာတော့ ပျက်စီးကုန်တယ် စိုက်တာသိပ်မဖြစ်ဘူး တစ်ခြံဆိုနည်းနည်းပဲရတော့ စျေးတက်ကုန်တာ”ဟု ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဧပြီလတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၂၀၀ ကျပ်၊ ၃၀၀ကျပ်၊ ၄၀၀ကျပ်အထိသာရှိနေပြီး ယခုတွင် တစ်ထုပ်လျှင် ၂၀၀၀ ကျပ်မှ ၄၀၀၀ကျပ်နီးပါးအထိ ပေါက်စျေးရှိနေ‌ကြောင်း သိရသည်။

ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်တောင်ပိုင်းနေရာအနှံ့အပြားတွင်စိုက်ပျိုးကြပြီး ယခုတွင် ဂေါ်ဖီထုပ်အပြင် တခြားကုန်စိမ်းစျေးနှုန်းများလည်း စျေးအဆမတန်မြင့်တက်နေကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *