ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၄

မိုးဗြဲ‌ရေကာတာကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည့်အတွက် ပြည်သူများရေမရဘဲ လယ်စိုက်ပျိုးရန်အခက်အခဲဖြစ် နေ ရကြောင်းသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲ ရေကာ တာကို စစ်ကောင်စီက ထိန်းချုပ်ထား‌နေပြီး ဒေသခံများ၏လယ်ယာတွင်ရေမရရှိဘဲ လယ်ယာစိုက်ပျိုးခြင်းလည်းမပြုရကြောင်းသိရသည်။

“သူတို့ရေမဖွင့်‌ပေး တော့ လယ်မစိုက်ရတော့ဘူး လယ်မစိုက်ရတော့ ပြောင်းတွေပဲ‌စိုက်ရတယ် ပြောင်းစျေးက အဲလောက်မရဘူးလေ ခုဆိုဆန်ကလည်း တစ်အိတ်တစ်သိန်းကျော်တောင် တကယ်လို့ ကိုယ်က ကိုယ့်လယ်နဲ့ကိုယ်စိုက်ရရင်သက်သာတာပေါ့”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြာသည်။

ဆည်ရေကောင်း စွာ မလွတ်သည့်အတွက်ကြာင့်ရေများနေသဖြင့် ဘီလူး‌ ချောင်းအတွင်း ရေစီး နှေးကာ ဗေဒါများ မှော်ဘီတံတားအောက်ဖက်မှ မြို့ဟောင်းရွာထိပိတ်ဆို့ ကာရေအတက်မြန်လာသည့်အတွက် ကျောင်းသွားကျောင်းလာ ကလေးများသွားလာရေးခက်ခဲ နေကြောင်းလည်းသိရပါသည်။

စစ်တပ်အာဏာသိမ်းပြီးအချိန်မှစ၍ မှော်ဘီတံတားအောက် စက်လှေသွားလာခွင့်ပိတ်ပင်ထားပြီး စစ်တပ်နှင့် ပြေလည်သူများသာ ဖြတ်သန်းသွားလာခွင့်ပြု ကြောင်းလည်း သတင်းအရင်းအမြစ်တစ်ခုထံမှသိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *