ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက် ပိုင်း၊နောင်ချို့မြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း PSLF/TNLA ကထုတ်ပြန်ထားသည်။
အုမ္မတီးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီမှ ၁၂ နာရီအထိ သုံးဆယ်ကျေးရွာဘက်ကို လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသား ၁ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်သည့်ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွာသားအချို့ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၇ ကြိမ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
#PPV003