ခမ်းသားငေါဝ်း
ဇွန် ၁၄၊ ၂၀၂၄

တောင်ကြီးမြီု့တွင် စစ်ကောင်စီနှင့်ရဲများက VPN အကြောင်းပြပြီး ဇွန် ၁၃ ရက်က ပြည်သူများထံ ငွေညှစ်ခြင်းများရှိနေကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အိုးရှင်း(စင်တာ)ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ဖုန်းစစ်ဆေးခြင်းများပြုလုပ်ပြီး VPN တွေ့ရှိသူများထံ ငွေတောင်းခံခြင်း၊ ငွေညစ်ခြင်းပြုလုပ်ခဲ့သည်၊၊

”ဆိုင်ကယ်ဦးထုပ်ကို ကြည့်ဖမ်းပြီး ဖုန်းစစ်တယ် VPN မိရင် ပိုက်ဆံ၂ သိန်းတောင်းတယ်” ဟု တောင်ကြီးမြို့ဒေသခံကပြောသည်၊၊

စစ်ကောင်စီက ပြည်သူများအားသတင်းအမောင်ချရန် Facebook သုံးစွဲခြင်းအား ပိတ်ပင်ထားသော်လည်း VPN ခံသုံးကြသည့်အတွက် ထောင်ဒဏ်သုံးနှစ်ထိချမှတ်နိုင်ကြောင်း သိရသည်၊၊

မေလမှစပီး မြန်မာနိုင်ငံတွင် Facebookသုံးစွဲသူအရေအတွက်လျော့နည်းသွားပြီး Facebookသုံးရန်အတွက် မဖြစ်မနေအသုံး ပြုသည့် VPN Applicationကို စစ်ကောင်စီက ပိတ်ပင်ရန်ကြိုးစားနေကြောင်း သိရသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *