ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၄

ဆီဆိုင်မြို့ အိမ်ဝိုင်းထဲတွင် သန်းရှင်းရေးလုပ်ပြီး မိုင်းနင်းမိခဲ့သည့် ဒေါ်စိုးစိုးလတ်သည် ဆေးကုသနေစဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့၊မြကန်သာရပ်ကွက်နေ ဒေါ်စိုးစိုးလတ်သည် ဇွန်လ ၆ ရက်နေ့တွင် အိမ်ခြံဝန်းအတွင်း သန်းရှင်းရေးလုပ်နေစဉ်မိုင်းနင်းမိပြီးနောက်အောင်ပန်းမြို့ စစ်ဆေးရုံတွင်ဆေးကုသပြီးနေစဉ် ဇွန် ၉ ရက်နေ့ညတွင်သေဆုံးသွားသည်။

” ၉ ရက်နေ့ညကဆုံးပြီး မနေ့က သူရုပ်အလောင်းကို ဆီဆိုင်ကိုပြန်သယ်လာပြီ။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေါ်စိုးစိုးလတ်သည် အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး မိုင်းနင်းမိသည့်အချိန်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့ မြကန်သာရပ်ကွက်တွင် တိုက်ပွဲငြိမ်ပြီးအိမ်ပြန်လာပြီးနောက် မိုင်းပေါက်ကွဲမှုကြောင့် ထိမှန်ဒဏ်ရာရရှိသူ ၅ ဦး သေဆုံးသူ ၂ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *