ခမ်းသားငေါဝ်း
ဇွန် ၁၂ ၊ ၂၀၂၄

ယခုနှစ်မိုးများသည့်အတွက် ခရမ်းချဉ်သီးစိုက်ခင်းများပျက်စီးပြီးအင်းလေးဒေသ ခရမ်းချဉ်သီး စိုက် တောင်သူများအခက်ကြုံနေရကြောင်းတောင်သူများထံ သိရသည်။

လက်ရှိခရမ်းချဉ်သီးအစိမ်းတစ်ပိဿာစျေးက ၇ ထောင် အမှည့်‌တစ်ပိဿာဈေး ၅ ထောင်ကျပ်ထိရရှိနေပြီး စျေးကောင်းရသည့်အချိန်ဖြစ်သည်။

“အခုကမိုးကျပြီဆိုတော့တစ်ချို့စိုက်ခင်းတွေဆိုရင်ရေတွေလွမ်းကုန်ပါပြီ၊ ကျန်တဲ့စိုက်ခင်းတွေကလည်းမသေချာတော့ပါဘူး ဘာလို့ဆိုမိုးတွေက တအားရွာလာတော့ရေတွေကြီးနေတော့အခက်ခဲရှိတယ်”ဟု ခရမ်းချဥ်စိုက်ပျိုးတောင်သူကိုမျိုးမြတ်ဇော်ကခမ်းသားငေါဝ်းကို ပြောသည်။

သွင်းအားစု ကုန်စျေးနှုန်းများမြှင့်တက်ခြင်းကြောင့်အပင်၌ကျရောက်နေသည့် ပိုးမွှားအန္တာရာယ်ကိုကာကွယ်နိုင်ရန်လည်းခက်ခဲလွန်းနေကြောင်း သိရသည်၊၊

“ဓာတ်မြေသြဇာစျေးကလဲအဆမတန်တက်နေတာဆိုတော့ ရောင်းရတဲ့စျေးနဲ့မြေသြဇာစျေးနဲ့ကမမျှတဘူး၊ ဖြန်းဆေးတွေကလဲစျေးကြီးနေတာဆိုတော့တစ်ချို့ဆိုဆေးဖိုးမတတ်နိုင်လို့လက်လွှတ်လိုက်ရတဲ့စိုက်ခင်းတွေဆိုအများကြီး၊ခရမ်းချဥ်သီးက ၃ လပြည့်မှခူးရတာ၊အခုမှ၂ လစွန်းရုံလေးပဲရှိသေးတာ၊ရေကလွမ်းတော့မယ်၊နှမျှောဖို့ကောင်းလိုက်တာ၊မနှစ်ကလည်းရှူံးထားတာအကြွေးကျေအောင်ဆိုပီးစိုက်ထားခဲ့တာ၊အခုတော့အကြွေးတွေထပ်တင်ကုန်ပါပြီ”ဟု၎င်းက ဆက်ပြောသည်။

အင်းလေး ဒေသကျေးရွာအချို့ တွင် လွန်ခဲ့သည့် ၅ နှစ်လောက်က တစ်ရွာလုံးနီးပါးခရမ်းချဥ်ကိုစိုက်ကြပြီး ယခုနှစ်တွင် ၁၀ ဦးလောက်သာစိုက်ကြကြောင်း စိုက်သည့်သူလည်း နည်းလာကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အင်းလေးကန်၏အလယ်ပိုင်းကျွန်းမျှောဒေသတွင် ခရမ်းချဥ်သီးကိုအသက်မွေးဝမ်းကြောင်းအတွက် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ လောက်ကတည်းကစိုက်ပျိုးခဲ့ကြ​ခြင်း ဖြစ်ကြောင်း သိရသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *