ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၄

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဆီဆိုင်မြို့ရှိဒေသခံ နေအိမ်များကို စစ်ကောင်စီလက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပျက်စီးမှုအလိုက်ခွဲပြီး ထောက်ပံ့ ကြေးပေးအပ်ခဲ့​ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်းပျက်စီးသွားခဲ့သည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်နေ့တွင် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

“မီးအကုန်လောင်တဲ့အိမ်ဆို ၁၀ သိန်းပေးတယ်။အကုန်မလောင်တာတို့ကျတော့ ၇ သိန်း၊ ၆သိန်း၊၂ သိန်းကျော် အစားစားရှိတယ်ပေးတာက”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့နယ် ရှိပြည်သူများသည် ပြန်လည်ထူ ထောင်ရေးအပြင် မှိုင်းရှင်းလင်းရေးကိုလည်းပြုလုပ်စေကြောင်း၊ မှိုင်းကြောင့်အသက်ဆုံးရှုံး ခံရသူများလာပြီဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲတွင်း အရပ်သားနေအိမ် (၆၃၇) ပျက်စီးခဲ့ပြီး ယင်းအိမ်များအားလုံးကို ပျက်စီးမှုအပေါ်မူတည်ကာ အုပ်စုခွဲခြား၍ စစ်ကောင်စီလက်အောက် နယ်စပ်ရေးရာဝန်ကြီးဌာနကပထမအကြိမ် ငွေကျပ်သိန်း (၄၆၀) ၊ဒုတိယအကြိမ်ထောက်ပံ့ငွေ ကျပ်သိန်း(၃၉၆၁)၊ စုစုပေါင်းကျပ်သိန်း (၄၄၂၁)ကို ဒေသဦးစီးအဖွဲ့ နှင့် တာဝန်ရှိသူများသို့ လွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာမှဖော်ပြထားသည်။

စစ်ကောင်စီ ၏လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားနေအိမ်၊ စျေးနှင့် ဘာသာရေးအဆောက်အအုံ များပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *