ခမ်းသားငေါဝ်း
ဇွန် ၁၀၊ ၂၀၂၄

မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLAတပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်ပြီး TNLA တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။

တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် (၅၀၀)ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် (၅၀၀)ဗုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

ဇွန်လ ၁ ရက်နေ့မှ ဇွန်၉လ ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA တပ်ရှိရာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *