ခမ်းသားငေါဝ်း
ဇွန် ၉ ၊ ၂၀၂၄

ပင်လောင်း မြို့နယ် တခါးယဥ်ကျေးရွာတွင် စစ်သင်တန်းတက်ထားသည့် ရွာသားများအား ပြည်သူ၏လုံ ခြုံရေးစောင့်ရှောက်ရန် ရွာသူကြီးက အဖွဲ့များ ဖွဲ့ပေးခဲ့ကြောင်း သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်း မြို့နယ် လိန်းညာကျေးရွာအုပ်စု တခါးယဥ်ကျေးရွာရှိ စစ်သင် တန်းတက်ထားသည့် ရွာသားများအား ပြည်သူ့လုံ ခြုံရေးစောင့်ရှောက်ရန်နှင့် စစ်ပွဲဖြစ်လျှင်ဝင်ကူရန်ဟုဆိုကာဇွန်လ ၇ ရက်နေ့ တွင် ရွာသူကြီးက အစည်းဝေးခေါ်ပြီးဖွဲ့စည်းပေးလိုက်ကြောင်းသိရသည်။

”ရွာသားရဲ့လုံခြုံရေးအတွက်နဲ့ တိုက်ပွဲဖြစ်ခဲ့လို့ လူလိုရင် ဝင်ကူဖို့တဲ့” ဟုဒေသခံတစ်ဦးကပြောသည်၊၊

လုံခြုံရေး အတွက် အဖွဲ့တစ်ဖွဲ့ကို ရွာသူကြီးက ၁၄ ဦး တစ်ဖွဲ့နှင့်ဖွဲ့ပေးခဲ့ကြောင်း သိရသည်၊၊

ပင်လောင်းဒေသတွင် တော်လှန်ရေးအဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားခြင်း လျော့နည်းလာပြီဖြစ်သော်လည်း စစ်ကောင်စီဘက်မှ နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

PPV009

Leave a Reply

Your email address will not be published. Required fields are marked *