ခမ်းသားငေါဝ်း
ဇွန် ၉၊ ၂၀၂၄

ထီရီးအခြေစိုက် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စံကားလှေဆိပ်တွင် စျေးပတ်လိုက်သူပစ္စည်းများကိုသိမ်းယူပြီးငွေဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် စံကားမြို့ လှေဆိပ်တွင် ဇွန်လ ၃ ရက်နေ့က ခြိမ်းခြောက် တောင်းယူသည့်ပစ္စည်းသည် သိန်း ၁၅၀ တန်ဖိုးရှိပြီးနောက် ပစ္စည်းမသိမ်းစေလိုလျှင် တစ်ဦးကို ငွေ ၅ သိန်းပေးရန် စစ်ကောင်စီတပ်သားနှင့် PNO စစ်သားများက တောင်းဆိုခဲ့သည်၊၊

“တစ်ယောက်ကို ၅ သိန်းစုစုပေါင်းသုံးဦး ၁၅ သိန်းပေးခဲ့ရတယ်။သူတို့လည်း မရှိလို့စျေးရောင်းစားတာလေ သူတို့က အဲလိုလုပ်တာကပြည်သူကို အနိုင်ကျင့်တာ ဘဲဖြစ်တယ်”ဟု စံကားဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထီးရီးအခြေစိုက်စစ်ကောင်စီနှင့် PNOစစ်သားများသည် ဒေသခံများကိုလည်ဖမ်းဆီးပြီးငွေဖြင့်ပြန်ရွေးခိုင်းမှု မကြာခနလုပ်လျက်ရှိကြောင်းသိရသည်။

ယခု စံကားဒေသတွင် စစ်ကောင်စီနှင့် PNO ပြည် သူ့စစ်တို့ ကင်းလှည့်ခြင်းတို့ ပြုလုပ်နေကြပြီး စံကားမြို့တောင်ဖက်လည်း တိုက်ပွဲ ဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *