ခမ်းသားငေါဝ်း
ဇွန် ၉ ၊ ၂၀၂၄

ငါးဖယ်ချောင်းရွာတွင် ဟွန်ဒါစက်လှေနှင့်မော်တော်စက်လှေတိုက်မှုဖြစ်ပွားပြီး နှစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ငါးဖယ်ချောင်းရွာတွင် ဇွန်လ ၅ ရက်နေ့ညက ဟွန်ဒါစက်လှေနှင့် မော်တော်စက်လှေတို့တိုက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” နှစ်ဦးသေဆုံးသွားတယ်။ ညဖက်ဖြစ်သွားတာ ။ စက်လှေအကြီးက ဒီစက်လှေအငယ်ကိုတိုက် တာ”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသော သူသည် ဟွန်ဒါစက်လှေပေါ်ပါသူဖြစ်ပြီး တိုက်မှုဖြစ်ပွားပြီးနောက် မော်တော်စက်လှေ မောင်းပြေးသွား ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသောသူသည် ငါးဖယ်ချောင်းရွာနေ ကိုငဲနှင့် လေသစ်ကျေးရွာမှ ကိုလေအိုးတို့ဖြစ်ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *