ခမ်းသားငေါဝ်း
ဇွန်လ ၈၊ ၂၀၂၄

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ၏ ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်း တတိယ အကြိမ် ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ် ကြိုဆိုပွဲ ကို ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။

တတိယအကြိမ် PNFC အခမဲ့ အွန်လိုင်းကျောင်းဖွင့်လှစ်ရာတွင် အတန်းစုံနှင့် ကျောင်းသားဦးရေ ပိုမိုလက်ခံ နိုင်ခဲ့ကြောင်းသိရသည်။

‘’ပညာရေးဟာအရေးကြီးတယ် ပညာရေးအရေးကြီးပုံကို ဒီခေတ်ဒီအခါမှာ ပိုပြီးတော့ နားလည်သိကျွမ်းလာတဲ့အခါမှာ အခက်ခဲမျိုးစုံကြားကနေ ဒီလိုသင်ကြားခဲ့ရတာဖြစ်ပါတယ်။ အခက်ခဲမျိုးစုံကြားကနေသင်ကြားရင်းနဲ့ပဲ အခက်ခဲဖြတ်သန်းရင်းနဲ့ပဲ အရည်သွေးတွေဖြစ်လာကြတာဖြစ်ပါတယ်၊ လူချင်းတွေ့ပြီး စာသင်ခန်းမျိုး မဆောင်ရွက်နိုင်သော်လည်း တချို့ အားကောင်းချက်တွေ အွန်လိုင်းမှာ အများကြီးရှိပါတယ်၊”ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

ကျောင်းဆရာမ တစ်ဦးကလည်း”ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေ ဒီလို အွန်လိုင်းပညာရေးတက်ခြင်းမှာ ပြဿနာတစုံတရာမရှိပဲနဲ့ အွန်လိုင်းတက်နေတဲ့ကလေးတွေကို ကိုယ့်ရင်ခွင်နဲ့ထွေးပွေ့ပေးတဲ့ အားသာချက်တွေရှိပါတယ်”ဟု ပြောသည်။

PNFC အွန်လိုင်းကျောင်းအောင်မြင်ထားသည့် လူငယ်များသည် NUG MOE ၏အဆင့်မြင့်ကျောင်ူများတွင် Fully Scholarship အနေဖြင့် ထိုင်း ဗီယက်နမ်နှင့် မလေးရှား နိုင်ငံတို့တွင် လျှောက်ထားခွင့်ရှိကြောင်းသိရသည်။

PNFC Online school ကို ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်က Grade 10 အထိကျောင်းသားကျောင်းသူလက်ခံသင်ကြားပေးနိုင်ခဲ့ကြောင်းသိရသည်။

#ppv002
#PNFC

Leave a Reply

Your email address will not be published. Required fields are marked *