ခမ်းသားငေါဝ်း
ဇွန်လ ၈၊ ၂၀၂၄

ရှမ်းအမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသားများနှင့်ယှဥ်တွဲနေထိုင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပထမအကြိမ် ရှမ်း(တိုင်း)လူငယ်ထုညီလာခံမှသဘောထားထုတ်ပြန်ထားသည်။

ရှမ်းလူငယ်ထုညီလာခံကို ကမေလ ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ထိုင်း​မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပကြောင်းသိရ သည်။

ညီလာခံတွင် နိုင်ငံရေး၊စစ်ရေး၊တော်လှန်ရေးဆိုင်ရာကဏ္ဍများအပါအဝင် သဘာဝပါတ်ဝန်းကျင်နှင့်သယံဇာတအရင်းမြစ်ဆိုင်ရာကဏ္ဍ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးဆိုင်ရာကဏ္ဍတို့ကို ဦးစားပေးဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။

” လက်ရှိညီလာခံသဘောထားအကျဥ်းချုပ်ရလဒ်ရတော့ ရှမ်း အမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသားများနှင့် အတူယှဥ်တွဲနေထိုင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ဖြစ်တယ်လို့ ” ညီလာခံတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အစည်းအဝေးကိုတက်လာသည့် အဖွဲ့အစည်းအားလုံး၏ သဘောထားဆန္ဒမဲပေးပြီး ရှေ့ဆက်လုပ်ငန်းများလုပ်ဆောင်ဖို့ တာဝန်ခံသည့် ကော်မတီတစ်ရပ်အားလည်း ရွေးချယ်နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

”တိုင်း”ရှမ်း လူငယ်ထုညီလာခံကို ပြည်တွင်း၊ပြည်ပ နေရာဒေသအသီးသီးမှ ကဏ္ဍအသီးသီး၌ ဆောင်ရွက်လုပ်ရှားနေသည့် ရှမ်းလူငယ်နှင့် ကျောင်းသားအဖွဲ့အစည်းအပါအဝင် ရှမ်းလူထုအခြေပြုသည့် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

#ppv003

Leave a Reply

Your email address will not be published. Required fields are marked *