ခမ်းသားငေါဝ်း
ဇွန်လ ၈၊ ၂၀၂၄

အောင်ပန်းတွင် စလစ်ဖြစ်ပြီးလဲနေ သည့်ဆိုင်ကယ်ကိုရှောင်ရင်း ၁၂ ဘီးကားတိမ်းမှောက်ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊အောင်ပန်း -ပင်းတယသွားလမ်း ကျောက်ဆောင်မြေခြားရွာအနီး လမ်းမ၌ ဇွန်လ ၇ ရက်နေ့မနက် ၆ နာရီအချိန်ခန့်တွင် ဦးဇော် (ပင်းတယ-ဆင်ခေါင်းရွာ)နေ စီးလာသောဆိုင်ကယ်သည် စလစ်ဖြစ်၍ မှောက်သွားစဥ် ရှေ့မှလာသော ၁၂ ဘိန်းကားမှာ ရှောင်တိမ်းပေးရာမှ ကားပါ ထပ်မံတိမ်းမှောက်သွားကြောင်းသိရသည်။

” ကားနဲ့တော့မတိုက်မိဘူး၊ ဆိုင်ကယ်မောင်းတဲ့သူကတော့ ဘယ်ခြေထောက်အရွတ်တွေပြတ်သွားတယ်၊ နောက်ကပါလာတဲ့လူကတော့ဘာမှမဖြစ်သွားဘူး၊ ကားသမားတွေလည်းပွန်းပဲ့ဒဏ်ရာ ရသွားတယ်” ဟုနာရေးကူညီမှုအသင်းအောင်ပန်းက ခမ်းသားငေါဝ်းကိုပြောသည်။

ဆိုင်ကယ်က စလစ်ဖြစ်ရင်း ကားရှေ့ကိုမှောက်သွားကြောင်း၊ ကားသမားမှာ ဆိုင်ကယ်ကိုလွတ်အောင်ရှောင်ပေးရင်း လမ်းဘေးတိမ်းမှောက်သွားကြောင်း ၎င်း ကဆက်ပြောသည်။

ဒဏ်ရာပြင်းထန်သူ ဦးဇော်ကို နာရေးကူညီမှုအသင်းအောင်ပန်းမှ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အောင်ပန်းတွင် ဇွန်လအတွင်းမတော်တဆမှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *