ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၄

ယခုနှစ်မိုးများသောကြောင့် နောင်တရားဒေသတွင်အာလူးများပုပ်ပြီးပျက်စီးကုန်ကြောင်း ဇွန်လ(၆) ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ခြမ်းရွာဘက်တွင် မိုးများခြင်းကြောင့် တောင်သူများစိုက်ပျိုးထားသည့် အာလူးများ ပုပ်ကုန်ကြသည်ဟုသိရသည်။

“ဒီနှစ်ကမိုးအရမ်းများတော့ အာလူးပင်တစ်ပင်မှာ(၈)ဥလောက်ဥရင် တစ်ဥလောက်ပဲအောင်တယ် အကုန်ပုပ်ကုန်ကြတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နောင်တရားဒေသတွင် နွေရာသီ၌ အာလူးကိုရေသွင်းပြီး အဓိကစိုက်ပျိုးကြသလို ရေစုပ်ရန်အတွက်ဓာတ်ဆီခနှင့် မြေသြဇာ၊ လူငှါးခ၊ ဖြန်းဆေးခလည်း ဈေးကြီးစွာ ရင်းနှီးရပြီး ရောင်းချိန်တွင် ဈေးမရှိခြင်းနှင့် ကြုံနေရသလို ယခုလိုအာလူးပုပ်ခြင်းလည်း နှစ်စဥ်ကြုံတွေ့နေရကြောင်းသိရသည်။

အရင်းနှီးများစွာကုန်ကြသည့်အတွက် ထိုသိုပျက်စီးခြင်း စျေးနှုန်း မရှိခြင်းကြုံတွေ့ပါက တောင်သူများအရှုံးပေါ်နေကြောင်းသိရသည်။

ပင်လောင်း၊ နောင်တရားဒေသတွင် စားဝတ်နေရေးအတွက် အာလူးကို အဓိကစိုက်ပျိုးကြပြီး တစ်နှစ်လျှင်သုံးကြိမ် စိုက်ပျိုးကြကြောင်းသိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *