ခမ်းသားငေါဝ်း
ဇွန်လ ၇၊ ၂၀၂၄

နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်းလဲခြင်းကို စစ်ကောင်စီက ဇွန်လ(၆)ရက်တွင် ပိတ်ပင်လိုက်သည့်အတွက် လူငယ်များ ပြည်ပထွက်ခွာခွင့် အခက်အခဲထပ်မံကြုံတွေ့နေရကြောင်းသိရသည်။

စစ်ကောင်စီက မေလအစပိုင်းတွင် အသက် ၂၃ နှစ်မှ ၃၂အရွယ်အထိ အမျိုးသားများကို PJ (အလုပ် အကိုင်နိုင်ငံကူးလက်မှတ်)ဖြင့် နိုင်ငံခြားထွက်ခွာခွင့် ပိတ်ပင်လိုက်သည့်အတွက် PV(အလည်အပတ်နိုင်ငံကူးလက်မှတ်)ပြောင်း၍ရသည့်နည်းဖြင့် နိုင်ငံခြားထွက်ခွင့်‌ရရန်ကြိုးစားကြသည့်အတွက် စစ်ကောင်စီက ယခုကဲ့သို့ပိတ်ပင်ရခြင်းဖြစ်ကြောင်းသိရပါသည်။

“ သူတို့က မရရတဲ့နည်းလမ်းနဲ့ပိတ်ပင်ဖို့ကြိုးစားနေကြတာနိုင်ငံခြားထွက်တဲ့သူ တော်တော်များများက သူတို့သတ်မှတ်ထားတဲ့အရွယ်တွေပဲဆိုတော့ ပြီးတော့တော်တော်များများက PJ လုပ်ထားကြတော့တိုင်ပတ်တာပဲ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းတွေဆိုလည်း PJနဲ့လေ ပြန်ပြောင်းဖို့ဘယ်လိုလုပ်ရမလဲမသိတော့ဘူး စိတ်ဓာတ်တွေကျပြီး စိတ်အရမ်းညစ်တယ်”ဟု နိုင်ငံခြားထွက်ရန်ပြင်ဆင်နေသူလူငယ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သူများများပြားလာပြီး ပြည်ပသို့ရရာနည်းလမ်းဖြင့် ထွက်သွားခွင့်ကြိုးစားရာ ယခုကဲ့သို့ စစ်ကောင်စီဖက်မှနည်းလမ်းအမျိုးမျိုးသုံးပြီး ပိတ်ပင်မှုများပြုလုပ်လာသည့်အတွက် လူငယ်များ အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *