ခမ်းသားငေါဝ်း
ဇွန်လ ၇၊ ၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်တွင် သက်တမ်းကုန်ဆေးဝါးများရောင်းဝယ်သုံးစွဲခြင်းနှင့် ခွင့်ပြုချက်မရှိသောဆေးဝါးများရောင်းဝယ်ခြင်းများမပြုလုပ်ရန် မလိုက်နာပါက အရေးယူမည်ဟု တအောင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇွန်လ ၆ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိကဆေးရုံများကို PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆေးဝါးသိုလှောင်မှု စနစ်နှင့် ဆေးရုံ၊ဆေးခန်းအတွင်း ကျွမ်းကျင်အမှုထမ်းလုံလောက်မှုအခြေအနေနှင့် ခန့်အပ်သည့်ဆရာဝန်များ အခြေအနေကို စစ်ဆေးသည့်အပြင် ဆေးပုလင်း၊ဆေးထိုးအပ်များ စနစ်တကျစွန့်ပစ်မှုကိုပါ စစ်ဆေးခဲ့ကြောင်းသိရသည်။

ယခုတစ်ကြိမ်စစ်ဆေးမှုကို အရေးမယူဘဲ သတိပေးသည့်အဆင့်သာပြုလုပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် သတ်မှတ်ချက်မပြည့်မှီသည့် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများအား လုပ်ကိုင်ခွင့်နှင့် ရပ်ဆိုင်းပြီး အရေးယူမှုများပြုလုပ်သွားမည်ဟု TNLA ကကြေညာချက်တွင် ဖော်ပြထားသည်။

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *

You missed