ခမ်းသားငေါဝ်း
ဇွန်လ၆၊ ၂၀၂၄

ဆီဆိုင်မြို့ခံတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊မြကန်သာရပ်ကွက်နေ အသက် ၇၁ အရွယ် ဒေါ်စိုးစိုးလတ်သည် ယနေ့မနက် ၉ နာရီအချိန်တွင်မိုင်းနင်းမိပြီးခြေထောက်တစ်ဖက်ပြတ်သွားကြောင်း သိရသည်။

“ခြံစည်းရုံးခတ်ရင်းနဲ့ နင်းမိတာ။ပေါက်ကွဲသံက အကျယ်ကြီးဆိုတော့ ထပ်ပြီး ထွက်ပြေးရမယ်ထင်နေတာ။နောက်တော့ဗုံးကွဲတာတဲ့။မိုင်းကလည်း သူများလာမရှင်းပေးဘူးလေ”ဟုမြန်ကန်ရပ်ကွက်နေဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဒေါ်စိုးစိုးလတ်သည် ခြေထောက်တစ်ဖက်ပြတ်၊နောက်ခြေထောက်တစ်ဖက်နှင့်လက်ပေါ်လည်း ပြင်းထန်စွာဒဏ်ရာရာရရှိပြီး ယခုတွင် အောင်ပန်းမြို့ စစ်ဆေးရုံသို့ ဆေးကုသလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့ပေါ် မြကန်သာရပ်ကွက်တွင်မြေမြုပ်မိုင်းနင်းမိသူ ၅ ဦးထက်မနည်းရှိပြီဖြစ်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ စစ်ကျန်ပစ္စည်းများလည်း မြကန်သာရပ်ကွက်အတွင်းတွင် အများဆုံးကျန်ခဲ့ကြောင်းသိရသည် ။

ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့်ဗုံးများလက်နက်ကြီးကျည်များ၊ မြေမြှုပ်မိုင်းများ ရပ်ကွက်အသီးသီးတွင်ရှိနေဆဲဖြစ်ပြီး မြို့ထဲကိုပြန်ဝင်ကြသူများအနေဖြင့် အထူးသတိထားရန်လည်း ဒေသခံများကပြောသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *