ခမ်းသားငေါဝ်း
ဇွန်လ ၇၊ ၂၀၂၄

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီသွားကြောင်း ကေအဲန်ယူ-ဗဟိုကဇွန်လ ၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၂ ရက်နေ့တွင် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးအလုံး ၃၀ ကျော်ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာတွင်နေအိမ် ၂ လုံးပျက်စီးသွားကြောင်းသိရသည်။

ထို့အပြင် ဇွန်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီပစ်ခတ်သောလက်နက်ကြီး ၁ လုံးမှာ ခရွဲကျေးနယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲခဲ့ ၍ ကိုယ်ဝန် ၆ လလွယ်ထားသော အမျိုးသမီးတစ်ဦး၏ ဘယ်ခြေဖဝါးအား လက်နက်ပြီးကျည်စထိမှန်ဒဏ်ရာရသွားကြောင်း သိရသည်။

ကေအဲန်ယူ- သထုံမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၂ လုံးထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *

You missed