ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၄

ရွာငံမြို့နယ်၊နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးမန်းကျော်သည် ဇနီးနှင့် တောင်ယာသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းကျော်ကို ဇွန်လ ၅ ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။

“သူက စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို စုပေးတာ စာရင်းကောက်တာလုပ်ပေးတယ်။သူများကသူ့ကိုအကြိမ်ကြိမ်သတိပေးတယ်။ သူကနားမထောင်တော့ သူများပစ်သတ်သွားတာဟုတ်တယ်”ဟု နွားဘန်းကြီးရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဦးမန်းကျော်သည် အပစ်ခံရပြီး နောက်စေ့မှကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲနဖူးကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲမျက်ခုံး ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲလက်ခလယ် ပွင့်ထွက်ဒဏ်ရာ (၁)ချက်တို့ဖြင့် နေရာ၌ပင် သေဆုံးခဲ့ ကြောင်းသိရသည်။

ယင်းပစ်ခတ်မှုတွင် ရွာငံမြို့မှ P3.1003တပ်ရင်း တပ်ခွဲ(၂) နှင့် ရွာငံမြို့နယ် ဖကပ တပ်ခွဲ(၁) တပ်ခွဲ (၂)တို့က ပူးပေါင်းရှင်းလင်းခဲ့ကြောင်း သိရသည်။

အုပ်ချူပ်ရေးမှူး ဦးမန်းကျော်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီကို သတင်းပေးခြင်းအပြင်၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ တွင် ဦးမန်းကျော်သတင်းပေးခြင်းကြောင့် PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းစီးနင်းမှုတွင် PDF ရဲဘော်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *