ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၄

အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ကုန်းနိမ့်ပိုင်းတွင် တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြုံတွေ့နေရပြီး နေထိုင်ရေးများ ခက်ခဲနေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ဇွန်လ ၅ ရက်နေ့တွင် မိုးကြီးပြီး ရေချောင်းနှင့် မြောင်းများ ရေပြည့်လျှံခြင်းကြောင့် ကုန်နိမ့်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“နှစ်စဉ် မိုးကြီးတယ်ဆိုပေမယ့် ဒီနှစ်လောက်မိုးကမကြီးဘူး။ဒီနှစ်ကျ စစ်ရှောင်အိမ်တွေ ရေမြုပ်တာ ၊ရေမြုပ်လို့ပစ္စည်းပျက်စီးသွားတာတို့ရှိတယ်။မြေနိမ့်ပိုင်းအကုန် မြုပ်ကုန်တယ်”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

အလယ်ကယန်း ကျေးရွာအုပ်စုအတွင်းတွင် စစ်ဘေးရှောင် (၁၀၀၀)ဝန်းကျင်ရှိပြီး စားနပ်ရိက္ခာ၊မိုးကာ၊ဆေးဝါးလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ဖယ်ခုံ မြို့နယ်တိုက်ပွဲ မဖြစ်ပွားသော အနောက်ကယန်းဒေသတို့တွင် စစ်ရှောင် ၁ သောင်းဝန်းကျင်ရှိပြီး စစ်ရှောင်အများစုက မိုးဗြဲ၊ပင်လောင်း၊လွိုင်ကော်၊ဒီးမော့ဆိုဖက်မှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *