ခမ်းသားငေါဝ်း
ဇွန်လ ၆၊၂၀၂၄

ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးသွားသူများ ပြန်ဆောက်ရန်အတွက် မိုးကာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒေသခံထံမှ သိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် မီးလောင်သွားသည့် အိမ်များနှင့် လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်များအတွက် ပြန်ဆောက်ရန် အမိုးအကာများ လိုအပ်နေကြောင်းသိရပါသည်။

“မိုးရာသီလည်းဖြစ်တော့အမိုးအကာတွေအရမ်းလိုအပ်တယ် တချို့က အိမ်မီးလောင်သွားတော့ ဝါးတဲလေးတွေပြန်ဆောက်နေတာတွေ့ရတယ် အထောက်အပံ့လည်းမရတော့ ကိုယ်တိုင်ပဲပြန်ဆောက်ကြရတယ် ယာယီတဲပြန်ဆောက်ဖို့တောင် ခက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေရပ်ပြန်နေသောပြည်သူများသည် မိုင်းရှင်းလင်းရေးပြုလုပ်ပေးခြင်းမရှိသေးသည့်အတွက် စိုက်ပျိုးရေးလုပ်ရန်အခက်ခဲရှိနေပြီး အလုပ်အကိုင်မရှိခြင်း နှင့် စားဝတ်နေရေးခက်ခဲများကြုံတွေ့နေ ရသည်ဟုလည်း သိရပါသည်။

ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်ပြီဖြစ်သည့်အတွက် စစ်ဘေးတိမ်းရှောင်သည့်ဒေသခံအတော်များများ နေရပ်ပြန်ကြပြီဖြစ်ကြောင်းသိရသည်။

#PPV008

You missed