ခမ်းသားငေါဝ်း
ဇွန် ၅ ၊ ၂၀၂၄

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလမှ မေလအထိ ၅ အတွင်း စစ်ကောင်စီ ကြောင့် ပညာရေးကဏ္ဍမှ အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁၆ ဦးစုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဇွန်လ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အဆိုပါသေဆုံးသူများထဲတွင် ၁၉ ဦးသည်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁၀ ဦး သေဆုံးမှုအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင်အဆိုပါကာလအတွင်း စစ်ကောင်စီက ပညာရေးကဏ္ဍမှ အမျိုးသမီး ၈ ဦး နှင့်အမျိုးသား ၁ ဦးစုစုပေါင်း ၉ ဦးကိုလည်းဖမ်းဆီးခဲ့ပြီး တနင်္သာရီတိုင်းတွင် ၅ ဦး အများဆုံးအဖမ်းခံခဲ့ရကြောင်း AAPP ၏အချက်အလက်အရသိရသည်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၆၈၁၇ ဦးရှိပြီး ၂၀၅၅၈ ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများအနက် ၉၁၄၇ ဦးမှာထောင်ဒဏ်ချမှတ်ထားခံရကြောင်း AAPP ကထုတ်ပြန်ထားပါသည်။

PPV003