ခမ်းသားငေါဝ်း
ဇွန် ၅၊ ၂၀၂၄

ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ်ကို ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မှ ပြုလုပ်နေကြောင်းသိရသည်။

ယင်းကမ်းပိန်းအစီစဉ်ကိုဇွန်လ ၄ ရက်နေ့မှ ဇူလှိုင်လ ၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအစီစဉ်တွင် ဆုကြေးများစွာလည်း ပြုလုပ်ထားကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ ဒီဒရုန်းတပ်ဖွဲ့ကို ဆင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒရုန်းကို များများဆင်နိုင်လေ ကျွန်တော်တို့ဒီအာဏာရှင်ကို တိုက်တာ ပိုထိရောက်လေဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုပြုလုပ်သောကမ်ပိန်းသည် ပထဦးဆုံးအကြိမ်ဖြစ်ပြီး အားလုံးဝိုင်းဝန်း အားဖြည့်ရန်အတွက်လည်း ၄င်းကဆက်ပြောသည်။

ကမ်ပိန်းတွင် ရရှိလာသည့် ဝင်ငွေအားလုံးကိုလည်း တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်းပြောထားသည်။

ဆုမဲပေါက်သူ အနေဖြင့် ရရှိမည့် ဆုမဲအစား တန်ဖိုးညီမျှသည့် ငွေသားကိုလည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

မဲလက်မှတ်တစ်စောင် စျေးနှုန်းသည် မြန်မာငွေကျပ် 30000 ၊ 10 USD ၊ 13 SGD ၊ 15 AUD ၊ 8 GBP ၊ 10 EUR ၊ 15 CAD ၊ 1500 YEN ၊ 14000 WON ၊ 300 THB ၊ 310 TWD ၊ 80 MOP ၊ 16 NZD ၊ 37 AED ၊ 9 CHF ၊ 70 DKK ၊ 107 NOK ၊ 45 MYR ၊ 106 SEK ၊ 13 BND အသီးသီး သတ်မှတ်ထားပြီး ဆုမဲများအနေဖြင့် ပထမဆု တောင်ကြီးမြို့ရှိ မြေကွက် ၁ ကွက် ၊ ဒုတိယဆု – ရွှေ ၁ ကျပ်သား ၊ တတိယဆု – လက်တောပ့်ကွန်ပျူတာ ၁ လုံး ၊ အထူးဆု – ပန်ချီကား ၃ ချပ် ၊ နှစ်သိမ့်ဆု – ပအိုဝ်းရိုးရာဝတ်စုံ ၈ စုံ ဆုများစွာတွေအပြင် တခြားဆုသေးများလည်းပါဝင်ကြောင်းသိရသည်။

#PPV005

You missed