ခမ်းသားငေါဝ်း
ဇွန် ၅ ၊ ၂၀၂၄

ဆီဆိုင်မြို့တွင်ပြည်သူများနေအိမ်ပြန်ကြပြီဖြစ်သော်လည်း နေ့ခင်းကြောင်တောင် ခိုးဆိုးလုယက်မှု သောင်းကျန်းနေကြောင်းဒေသခံများထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ်တွင် သူခိုးများ ပေါများပြီး နေ့ခင်းတွင်ပင် ဆိုင်ကယ်၊မိးကြိုး၊သွပ်၊သစ်အစ သူခိုးများက ခိုးနေကြောင်း သိရသည်။

“ဒီနေ့ နေ့ခင်းကြောင်တောင် ဆိုင််ကယ်တစ်စီးလာခိုးတယ်။ လူတွေလည်းရှိနေတဲ့ဟာကို။ သူခိုးက ဘယ်လိုဝင်တာလဲမသိဘူး။ သူခိုးတွေကတအားရဲတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ပြေးနေရတုန်းက အိမ်ဆောက်ရန်သစ်နှင့် သွပ်များပျောက်ဆုံးခြင်းမရှိဘဲ ယခုပြန်လာနေမှ သစ်နှင့်သွပ်များလည်း ပျောက်ဆုံးမှုရှိနေကြောင်း ၄င်းကဆက်ပြောသည်၊၊

သူခိုးများအား ဖမ်းမိခြင်းမရှိဘဲ ဒေသတွင်း အာဏာပိုင်များကလည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်းသိရသည်။

ဆီဆိုင်မြို့နယ် စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူများ အိမ်သုံးပစ္စည်းများ ပျောက်ဆုံးမှုများပြားခြင်းကြောင့် နေရပ်သို့ပြန်လာသည့် ဒေသခံများ ပြန်လည်ထူထောင်ရန်အတွက် အခက်ခဲများ ကြုံတွေ့နေရကြောင်းသိရသည်။

#PPV005