ခမ်းသားငေါဝ်း
ဇွန် ၄ ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် စစ်ကောင် စီကရွာသားတွေကို အစုလိုက်အပြုံလိုက်နှိပ်စက်သတ်ဖြတ်မှုကို ပြင်းထန်စွာရှုံ့ချကြောင်း NUG က ဇွန်လ ၃ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အင်အား ၁၇၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့တွင်ဗျိုင်းဖြူကျေးရွာကို အလုံးအရင်းဖြင့်ဝင်ရောက်လာပြီး တစ်ရွာလုံးပိတ်ဆို့ကာ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာနှိပ်စက်သတ်ဖြတ်ခဲ့သည်။

အဆိုပါအသတ်ခံရသူများထဲတွင် အသက် ၁၅ နှစ်မှ ၇၀ နှစ်ကြားအမျိုးသား ၄၈ ဦး နှင့် အမျိုးသမီး ၃ ဦးပါဝင်ပြီး အမျိုးသားများကို ရက်စက်စွာ နှိပ်စက်ညှဥ်းပန်းခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်းများကိုလည်း စစ်ကောင်စီကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇွန်လ ၄ ရက်နေ့အထိ သတ်ဖြတ်ခ့ရသူ ၇၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်းAA ကထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁ ရက်နေ့တွင်လည်း ဗျိုင်းဖြူကျေးရွာနှင့် ကပ်လျက် မင်းကင်းတောရွာသစ်၊ရွာဟောင်းတို့အား အကြောင်းမဲ့မီးရှို့ခြင်းတို့ကို ပြုလုပ်ကာ နောက်ထပ်သောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း NUG ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားပါသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကိုပြင်းထန်စွာရှုံ့ချကြောင်းနှင့် စစ်ကောင်စီကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုအားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပါတ်သက်သူများကိုတရားဥပဒေနှင့်အညီအရေးယူနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း NUG ကထုတ်ပြန်ထားပါသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *