ခမ်းသားငေါဝ်း
ဇွန် ၄ ၊ ၂၀၂၄

အောင်ပန်းတွင်၊ Express ကားတားနေစဥ် ကားကြိတ်မိ၍အမျိုးသားတစ်ဦးခြေထောက် အပြင်းထန်ဒဏ်ရာရသွားကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်စာသင်ကျောင်းအနီး၌ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ကိုမျိုး(ကလော) နေသူသည် Express ကားတစ်စီးအား တားနေစဥ် ကားခြေထောက်တက်ကြိတ်မိ၍ အပြင်ထန်ဒဏ်ရာရရှိသွားသည်။

”ရောက်တဲ့အချိန်မှာတော့၊ကားကမရှိတော့ဘူး၊မောင်းပြေးသွားပြီ၊ ညလည်းမှောင်လမ်းအကွေ့နေရာလည်းဖြစ်နေတော့ မမြင်ပဲတက်ကြိတ်မိသွားတာဖြစ်မယ်၊ လူနာကတော့ ခြေဖမိုးတစ်ခုလုံးစုတ်ပြတ်သွားတယ်” ဟုနာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဒဏ်ရာရရှိသူ ကိုမျိုးအား အောင်ပန်းဆေးရုံအရေးပေါ်ဌာနမှတစ်ဆင့် ကလောဆေးရုံသို့ နာရေးကူညီမှုအသင်းအောင်ပန်းမှကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *