ခမ်းသားငေါဝ်း
ဇွန် ၄၊ ၂၀၂၄

လွိုင်ကော်အကျဥ်းထောင်တွင်နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဥ်းသား/သူစုစုပေါင်း ၆ဦးလွတ်မြောက်လာကြောင်း KPPA ထံမှ သိရပါသည်။

ကရင်နီပြည်နယ်ရှိ လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား/သူ ၆ ဦးသည် ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံး KPPAက ဆိုသည်။

“အရင်ကလိုပဲပြစ်ဒဏ်ချမှတ်ခံရတဲ့ရက်စေ့တော့ပြန်လွတ်လာတာပေါ့နော် အဲထဲမှာ နိုင်ငံရေးအမှုကတစ်ဦးပါတယ် ကျန်တဲ့လူတွေက တခြားအမှုတွေနဲ့လွတ်လာတယ်”ဟု KPPAမှတာဝန်ရှိသူတစ်ဦး‌က ပြောသည်။

လွတ်မြောက်လာသူများသည် နိုင်ငံရေးအမှု-၁၉(စ) ဆက်သွယ်ရေးပုဒ်၆၆(ဂ)(၁)ဦး၊ ဆေးမှု(၄)ဦးနှင့် တမအ အမှုဖြင့် (၁)ဦးဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း လွိုင်ကော်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူစုစုပေါင်း ၃၈ ဦးလွတ်မြောက်လာကြောင်းသိရသည်။

#PPV008

You missed