ခမ်းသားငေါဝ်း
ဇွန် ၃ ၊ ၂၀၂၄

လွိုင်လင်မြို့နယ် မိုင်းပွန်မြို့အနီးတွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်းပြားကို ဖမ်းဆီးရမိ ခဲ့ကြောင်း CCDAC Myanmar (မြန်မာမူးယစ်ဆေးဝါးနိမ်နင်းရေးအဖွဲ့)ထုတ်ပြန်ချက် အရသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပင်အုံကျေးရွာအနီးတွင် မေလ ၃၁ ရက်နေ့တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်းပြားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မိုင်းပွန်မြို့ဘက်သို့ ကျော်စိန် မောင်းနှင်လာသည့် FORD RANGER မော်တော်ယာဉ်နှင့် ထွန်းမြင့် မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထိုနောက် စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဝင်းရွှေ အား မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်ကွက်တွင် VIGO မော်တော်ယာဉ်တစ်စီးနှင့် အိုက်လောင် မိုင်းပွန်မြို့၊ နားခိုက်ကျေးရွာ၊ လယ်တောရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းပြားလည်း ထပ်မံဖမ်းမိခဲ့ကြောင်းသိရသည်။

ဖမ်းမိသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *