ခမ်းသားငေါဝ်း
ဇွန် ၃ ၊ ၂၀၂၄

စစ်ကောင်စီလက်နက်ကြီးကြောင့် လွယ်ပေါရွာသားသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လူနေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ လွယ်ပေါရွာတွင်မေလ ၃၁ ရက်နေ့က လွိုင်လင်လေး ၅၃၀ အမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်တသ်ချို့ပျက်စီးခဲ့ရကြောင်း သိရသည်။

“လူသုံးယောက်ထိတယ်။၂ ယောက်တော့ စိုးရိမ်ရတယ်လို့။ အိမ်တစ်ချို့လည်းပျက်စီးသွားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လွယ်ပေါကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး မကြာခနပစ်ခတ်လာလျှက်ရှိကြောင်း သိရသည်။

လွယ်ပေါ၊နန်းတုတ်၊ အိမ်မူ၊ ကုန်းသာကျေးရွာများသည် ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံအင်း အရှေ့ဖက်ကမ်းတွင်ရှိပြီး ပအိုဝ်း ၊ အင်း ၊ ရှမ်း တိုင်းရင်း သားလူမျိုးများ နေထိုင်ကြကာ ကရင်နီစစ်ရှောင်များလည်း လာရောက်ခိုလှုံကြကြောင်း သိရသည်။

#PPV005
#လှု့အခွင့်အရေး

You missed