Month: May 2024

ကရင်နီပြည်တွင် အများပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးဖောက်ထွင်းခိုးယူဖြတ်ရောင်းခြင်းကျူးလွန်ပါက အရေးယူမည်ဟုဆို

ခမ်းသားငေါဝ်း မေလ ၁၁၊ ၂၀၂၄ ကရင်နီပြည်တွင် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူ ဖြုတ်ရောင်းခြင်းများ နှင့် ဝယ်ယူခြင်းများမပြုလုပ်ရန် နှင့် ကျူးလွန်ပါက မည်သူမဆို ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မေလ ၁၀ ရက်နေ့တွင် အမိန့်စာထုတ်ပြန်ထားသည်။ ဤထုတ်ပြန်ချက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်…

မြန်မာနိုင်ငံ ခရိုနီတစ်ဦးဖြစ်သည့် ဦးနေဝင်းထွန်းကို PNO ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ရာထူး တင်မြောက်

ခမ်းသားငေါဝ်း မေလ ၁၁၊ ၂၀၂၄ PNO၏စီးပွားရေးတာဝန်ခံ မြန်မာနိုင်ငံ ခရိုနီတစ်ဦးဖြစ်သည့် ဦးနေဝင်းထွန်းကို PNO ပြည်သူ့စစ် စစ်ကော်မတီ က PNO ပြည်သူ့စစ်၏ဒုစစ်ဦးစီးချုပ်ရာထူးအဖြစ်တင်မြောက် လိုက်ကြောင်း သိရသည်။ ဦးနေဝင်းထွန်း၏ မူလရာထူးသည် စစ်ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး တပ်ရင်း(၄)ကို ဉီးဆောင်သူတစ်ဉီးဖြစ်ကာ ဆီဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ခိုင်းစေမှုအရ ကိုယ်တိုင်ရှေ့တန်းထွက်ပြီး လွယ်ထွယ်ရွာတိုက်ပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ‘’နေဝင်းထွန်းက ဘာအမျိုးသားရေး၊ ဘာနိုင်ငံရေးမှမရှိဘဲ…

နောင်ရင်းရွာ တက်ကြွလူငယ်နှစ်ဦးအား PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ညင်းပန်းနိက်စက် ပစ်သတ်​ခဲ့ကြောင်းသိရ

ခမ်းသားငေါဝ်း မေ ၁၁ ၊ ၂၀၂၄ နောင်ရင်းရွာမှတက်ကြွ လူငယ်နှစ်ဦးအား PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ပြောစရာရှိ၍ တွေ့ကြရအောင်ဟုဆိုကာ ခေါ်ဆောင်သွားပြီးအမျိုးမျိုးညင်းပန်းနိက်စက် ပစ်သတ်ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်းရင်းရွာမှ တက်ကြွလှုပ်ရှားသူလူငယ် ခွန်ဇာခွန်နှင် ခွန်ပလွန်တို့အားဒလန်ဟုစွပ်စွဲ PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ခေါ်ဆောင်သွားပြီး နောင်ရင်းရွာတောင်ဘက် နောင်ယွေးရွာအဝင်အနီးတွင် ဒလန်ဟုစွပ်စွဲကာ…

ဆီဆိုင်သည်လုံးဝငြိမ်းချမ်းသည့် အခြေနေမဟုတ်ခြင်းကြောင့် နေအိမ်ပြန်သူတချို့ အခက်အခဲဖြစ်‌နေရဟုဆို

ခမ်းသားငေါဝ်း မေ ၁၀၊၂၀၂၄ ဆီဆိုင်မြို့အခြေအနေသည် လုံးဝငြိမ်းချမ်းသည့်အနေအထားမဟုတ်သည့်အတွက် မိမိနေအိမ်ပြန်နေထိုင်ကြသည့်သူတချို့ အခက်အခဲများကြုံတွေ့နေရကြောင်း ဆီဆိုင်မြို့ခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်ကျေးရွာအချို့တို့တွင် တိုက်ပွဲအခြေအနေအားလုံးတည်ငြိမ်ပြီးအနေအထားမဟုတ်သော်လည်း ဒေသခံပြည်သူများက သကြင်္နအလွန်ကာလတွင် မိမိ၏ နေအိမ်ကိုပြန်နေခြင်း ပစ္စည်းများပြန်သယ်ခြင်းစသည်ပြုလုပ်ကြသည်။ “ပြည်သူတွေကတော့ မထူးဇာတ်ခင်းပြီး ကိုယ့်အိမ်ကိုပြန်နေကြရတဲ့သဘောပါ မြို့ပတ်ဝန်းကျင်ကလည်းတိုက်ပွဲကဖြစ်တော့ မြို့ထဲဘယ်အချိန်ပြန်ဝင်မလဲဆိုတဲ့စိုးရိမ်သောကတွေလည်းရှိပါတယ် ညညဆိုလည်းလက်နက်ကြီးသံတွေကြားနေရတယ်”ဟုဆီဆိုင်မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ လက်ရှိဆီဆိုင်မြို့အတွင်းတွင် လျှပ်စစ်မီး ၊ ရေမရရှိခြင်း စားနပ်ရိက္ခာအလုံအလောက်မရှိခြင်းတို့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများလည်းပြတ်တောက်နေပြီး ATOM…

စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်မှုကြောင့်ဇီးပြောင်းရွာ ပြည်သူ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း မေလ၁၀၊ ၂၀၂၄ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးတခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း ရှိ သိမ်ဇရပ် အခြေစိုက် စစ်ကောင်စီတပ် အမတ (၃၁၀) က မေလ…

စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း လေးလကျော်ကာလအတွင်း အမျိုးသား ၄၇၆ ဦးသေဆုံး

ခမ်းသားငေါဝ်း မေလ ၁၀၊ ၂၀၂၄ စစ်ကောင်စီ ကြောင့် နိုင်ငံတစ်ဝန်း လေးလကျော်ကာလအတွင်း အသက် ၁၈ နှစ်အောက်ကလေး ၆၇ ဦိး အပါအဝင် အမျိုးသား ၄၇၆ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီရေးအသင်း AAPP က မေလ ၉ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ အဆိုပါသေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းမှာ ၁၄၆ ဦးဖြင့်အများဆုံးသေဆုံးခဲ့ပြီး၊ စစ်ကောင်စီကဖမ်းဆီး ထိန်းသိမ်းပြီးနောက်…

နောင်ရင်းကျေးရွာရှိ တက်ကြွလူငယ် လူငယ်နှစ်ဦး သတ်ဖြတ်ခံရ

ခမ်းသားငေါဝ်း မေ ၁၀၊ ၂၀၂၄ ဆီဆိုင်မြို့နောင်ရင်းကျေးရွာရှိတက်ကြွ လူငယ်နှစ်ဦး ယနေ့မနက်တွင် အသတ်ခံရကြောင်းဒေသခံများထံ ​သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းရွာက လူငယ်နှစ်ဦးကိုမေလ ၁၀ ရက်နေ့မနက်ပိုင်းက အမည်မသိသူတို့ကသတ်ဖြတ်သွားကြောင်းသိရသည်။ “ချောင်းပြီးသတ်သွားတာ ဘယ်အဖွဲ့သတ်တာလဲတော့ အသေအချာမသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်၊၊ ထိုနောင်ရင်းရွာသားနှစ်ဦးကို မည်သည့်အဖွဲ့ နှင့်မည်သူကသတ်ဖြတ်သည်ကို ခမ်းသားငေါဝ်းမှ စုံစမ်းနေဆဲဖြစ်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးပါ။ သေဆုံးသူလူငယ်နှစ်ဦးသည် အသက် ၃၀…

စစ်အာဏာရှင်အ​မြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု IPDF ပြောဆို

ခမ်းသားငေါဝ်း မေ ၁၀၊ ၂၀၂၄ စစ်အာဏာရှင်စနစ်အ​မြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အင်းလေးပြည်သူ့ကာကွယ် ရေးတပ် IPDF ( ၁၀၀၉ တပ်ရင်း) ကပြောဆိုလိုက်သည်။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ( ၁၀၀၉ တပ်ရင်း) အပါတ်စဥ် ၈/၂၀၂၄ စစ်သင်တန်းဆင်းပွဲကို မေလ ၇ ရက်နေ့တွင်ကရင်နီပြည်တစ်နေရာတွင်အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ ” ကျွန်တော်တို့တပ်ဖွဲ့ရဲ့ အဓိကခံယူချက်ကတော့…

နောင်ရင်းကျေးရွာတွင်စစ်ရှောင်ပြန်လာသူ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိ

ခမ်းသားငေါဝ်း မေ ၉ ၊ ၂၀၂၄ ဆီဆိုင်မြို့တောင်ပိုင်း နောင်ရင်းကျေးရွာတွင်စစ်ရှောင်ပြန်လာသည့် အမျိုသားတစ်ဦးမိုင်းနင်းမိပြီးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တောင်ဘက် နောင်ရင်းကျေးရွာ ၌ မေလ ၈ ရက်နေ့ ညနေလေးနာရီခန့်တွင် အမျိုးသားတစ်ဦး ရေချိုးရန်သွားရာမှ မိုင်းနင်းမိကြောင်းသိရသည်။ ” စစ်ရှောင်တဲ့နေရာကနေ ရွာကိုပြန်လာတုန်း ရေပါဝင်ချိုးမယ်ဆိုပြီးသွားလိုက်တာ၊ အဲ့ဒါနဲ့ တံတားအောက်မှာ မိုင်းနင်းမိသွားတာဖြစ်တယ်” လို့ ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ အဆိုပါမိုင်းနင်းမိသူမှာ…

ဆီဆိုင်တွင် မိုင်းနင်းမိသူဒေသခံ တစ်ဦး သေဆုံး

ခမ်းသားငေါဝ်း မေ ၉၊ ၂၀၂၄ ဆီဆိုင်မြို့ မွေတော်ဘုရားအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်မှ အသက် ၃၂ ဝန်းကျင်အရွယ်မောင်းနျားသည်ယခုပတ်အတွင်း မွေတော်ဘုရားအနီး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်၊၊ ” ၅ ရက်လောက်ပဲ ရှိအုံးမယ်ထင်တယ် မနက်ပိုင်းနင်းမိပြီး ညနေပိုင်းမှသိရတာ ၄၂၃ ကလာသယ်သွားတယ် လာသယ်တုန်းကမသေသေးဘူး ၄၂၃ တပ်ထဲမှာသေသွားတယ်”…

You missed