ပင်လောင်းမြို့နယ်တွင် အမျိုးသမီးသာရှိသည့်အိမ်ထောင်စုလည်း စစ်မှုထမ်းလွတ်ကင်းခွင့်မရှိ
ခမ်းသားငေါဝ်း မေ ၁၄၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် အမျိုးသမီးသာရှိသည့်အိမ်ထောင်စုလည်း စစ်မှုထမ်းလွတ်ကင်းခွင့်မရှိဘဲ လူစားထိုးရန် ငွေကြေးဖြင့်လူငှားသွားခိုင်းနေရ ကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ တောင်ဖက်ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်မှုထမ်းရန် အိမ်တိုင်းဗလာမပါမဲဖြင့် အလှည့်ကျနိုက်ရပြီး အမျိုးသမီးသာရှိသည့်အိမ်ကမဲကျလျှင် တခြား အမျိုးသားကိုငွေကြေးဖြင့်ငှားပြီး သွားခိုင်းခဲ့ရကြောင်း သိရသည်။ “အမျိုးသမီးပဲရှိရင်လည်း ကင်းလွှတ်ခွင့်မပေးဘူး။ ငွေနဲ့ လူငှားရတယ်။ လူငှားတဲ့ ငွေပမာဏလည်း အများကြီးပေး…