ပြည်တွင်းရွှေစျေးတကျပ်သား သိန်း ၅၀ နီးပါးအထိမြှင့်တက်လာ
ခမ်းသားငေါဝ်း မေ ၁၆၊ ၂၀၂၄ ယနေ့မနက်တွင် ပြည်တွင်းအခေါက်ရွှေ တကျပ်သားလျှင် ၄၉ သိန်း ၉ သောင်း ကျပ်အထိမြင့်တက်လာနေသည်ဟု ရွှေရောင်းဝယ်သူများထံမှသိရပါသည်။ မေလအစတွင်ရွှေစျေးတကျပ်သားလျှင် ၄၇သိန်းကျော်အထိရှိနေခဲ့ပြီး ယခုလက်ရှိတွင် သိန်း ၅၀ နီး ပါးအထိရှိလာနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လာသည့်အတွက်ကြောင့် ရွှေစျေးနှုန်းများ တဟုန်ထိုးမြင့်တက်လာရသည်ဟုလည်းသိရပါသည်။ “အာဏာစသိမ်းပြီးကတည်းက အကုန်လုံးစျေးတက်နေခဲ့တာ ရွှေစျေးဆိုလည်းအဲချိန်ကစပြီးမြင့်တက်နေတာကနေခုဆိုရင် သိန်း၅၀နီးပါးအထိတောင်ဖြစ်လာပြီပေါ့နော် အဓိကမြန်မာငွေကျပ်တန်ဖိုးကကျဆင်းနေတော့ပိုဆိုးတာပေါ့”ဟု…