Month: May 2024

ပင်လောင်း-ပေါင်းလောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီး စစ်ကောင်စီပြန်ဖွင့်

ခမ်းသားငေါဝ်း မေ ၂၀၊ ၂၀၂၄ ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်ပြည်ထောင်စု လမ်းမကြီးသည် စစ်ကောင်စီ ပြန်လည် ဖွင့် ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်း ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်လမ်းမကြီးအား မေလ၂ ရက်နေ့တွင် စစ်ကောင်စီက စတင်ပိတ်ထားခဲ့ပြီး နှစ်ပတ်ကြာပြီးနောက် မေလ ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “ခုပြန်ဖွင့်ပြီ လမ်းပေါ်တော့ ဂိတ်တွေ တိုးဖွင့်လာတာရှိတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

အောင်ပန်းတွင် ဆိုင်ကယ်နှင့် တွဲကားချိတ်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး၊ တွဲကားမောင်းပြေးသွား

ခမ်းသားငေါဝ်း မေ ၂၀၊ ၂၀၂၄ အောင်ပန်းမြို့တွင် ဆိုင်ကယ်နှင့် တွဲကားချိတ်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသွားပြီး၊ တွဲကားမှာ ဆက်လက်မောင်းပြေးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ အထွက် ကပရ ရုံးရှေ့အနီး လမ်းမ၌ မေလ ၁၈ ရက်နေ့ည ၄ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ် နှင့် ကားချိတ်မိ၍ ဆိုင်ကယ်မောင်းသူမှာ သေဆုံးသွားခဲ့ပြီး တွဲကားမှာ…

ရှမ်းတောင် (SSPDF)၊ အမှတ် (၁၀၀၅) တပ်ရင်းအနေဖြင့် တော်လှန်ရေး ပိုအားစိုက်သွားမည်ဟုဆို

ခမ်းသားငေါဝ်း မေလ၁၉၊ ၂၀၂၄ ကျဆုံးခဲ့သည့်ရဲဘော်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် (SSPDF)၊ အမှတ် (၁၀၀၅) တပ်ရင်းအနေနဲ့ တော်လှန်ရေး ပိုအားစိုက်သွားမည်ဟုပြောဆိုလိုက်သည်။ ကရင်နီပြည်နယ်အတွင်းရှိ စစ်မျက်နှာပြင်တွင် မေလ ၁၅ ရက်နေ့ ၌ တိုက်ပွဲဝင်နေစဥ်အတွင်းကျဆုံးသွားသော ရဲဘော် ၃ ဦးအတွက် စျာပနာအခမ်းအနားပြုလုပ်ပေးခဲ့ကြောင်း SSPDF (၁၀၀၅) တပ်ရင်းက မေလ ၁၇ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ ”…

စစ်ကောင်စီလက်နက်ကြီးထိမှန်၍ နန်းတုတ်ရွာ ဘုန်းကြီးကျောင်းပျက်စီး

ခမ်းသားငေါဝ်း မေလ ၁၈၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီး ထိမှန်၍ နန်းတုတ်ရွာထဲရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာတွင် မေလ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ကျေးရွာထဲရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ” လူတွေကမရှိတော့ဒီနေ့မှ ရှင်းလင်းရေးလုပ်မှတွေ့တာ။ပြတင်းပေါက်တွေ တံခါးတွေလက်နက်ကြီး ထိတယ်။အမိုးတော့ နဲနဲပဲထိတယ်”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

စစ်ကောင်စီက ဆီဆိုင်မြို့ ပဲပုတ်ဘုရားဝင်းတွင် လက်နက်ကြီးအထိုင်ချပြီး ပစ်ခတ်နေ

ခမ်းသားငေါဝ်း မေလ ၁၈၊ ၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်က ဆီဆိုင်မြို့ ပဲပုတ်ဘုရားဝင်းအတွင်း လက်နက်ကြီးအထိုင် နှစ်ခုချပြီး မေလ ၁၇ ရက်ညတွင် ပစ်ခတ်နေကြောင်း ဒေသခံပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်ပြီ နေရပ်ပြန်လို့ရပြီဟု PNO ပြည်သူ့စစ်က ဒေသခံကို ပြောသော်လည်း ခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသခံများထပ်မံတိမ်းရှောင် ခဲ့ရကြောင်းသိရသည်။ ‘’ကျနော်တို့အိမ်ပြန်လာတာ ၁၅…

မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် လွယ်ဆောင်ရွာ လူနေအိမ် ၅ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့်လွယ်ဆောင်ရွာလူ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊တောင်ရှေ့ကျေးရွာအုပ်စု၊လွယ်ဆောင်ရွာတွင် မေလ ၁၆ ရက်နေ့ညနေပိုင်းက မိုးကြီးလေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်ပျက်စီးခဲ့ရကြောင်း သိရသည်။ “လုံးဝပျက်စီးတာက တစ်အိမ်၊အမိုးပျက်စီးတာ တစ်အိမ်၊ကျန်တာအသေးစားပျက်စီးတာ များတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ လေပြင်းပြင်းထန်ထန် တိုက်ခတ်သဖြင့် သစ်ပင်ကြီးများ အိမ်ပေါ် ပြိုလဲ…

ယမ်းထောင်းရင်းမတော်တဆပေါက်ကွဲမှုတွင် ဒဏ်ရာခဲ့သူ ၃ ဦးထဲမှ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှမတော်တဆပေါက်ကွဲ၍ ဒဏ်ရာရခဲ့သောအမျိုးသား ၃ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ ၃ ဦးအနက် ၁ ဦးမှာ ယနေ့မနက် ၂ နာရီဝန်းကျင်ခန့် တွင်သေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။…

စတားလင့်အင်တာနက် စျေးနှုန်းကောက်ခံမှု စျေးကြီးခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ အခက်တွေ့

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ စတားလင့်အင်တာနက် စျေးနှုန်းကောက်ခံမှု စျေးကြီးခြင်းကြောင့် စစ်ရှောင်ပြည်သူအချို့ အင်တာနက်အသုံးပြုရန် အခက်အခဲ ဖြစ်နေကြောင်းသိရသည်။ အင်တာနက်ဖြတ်တောက်ထားခံရသည့် ကရင်နီပြည်နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်း နေရာများတွင် စတားလင့်အင်တာနက်ဖြင့်အသုံးပြုရပြီး စျေးနှုန်းကောက်ခံမှုကြီးမြင့်ခြင်းကြောင့် စစ်ရှောင်ပြည်သူအချို့ မိသားစုနှင့်ဆက်သွယ်ပြုလုပ်ရာ အခက်အခဲဖြစ်သည်။ “အဒေါ်တို့က စစ်ဘေးရှောင်တွေဆိုတော့ အလုပ်လည်းမရှိ၊ ဝင်ငွေလည်းမရှိဘူးလေ၊ အင်တာနက်လည်းအမြဲမသုံးနိုင်တော့ အဝေးရောက်နေတဲ့သားသမီးတွေနဲ့ ဆက်သွယ်ဖို့ခက်တယ်၊တစ်ပါတ်မှ တစ်ခါလောက်ပဲ စကားပြောရတယ်” ဟုစစ်ဘေးရှောင်ပြည်သူတစ်ဦးက…

မပေါက်ကွဲသေးသည့် ဗုံးကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊သိရိရပ်ကွက် ၊နယ်မြေ ၆ တွင် မေလ ၁၆ ရက်နေ့က မပေါက်ကွဲသေးသည့် ဗုံး ကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရကြသည်။ “ကလေးက ဒဏ်ရာပြင်းထန်တယ်။နောက်နှစ်ဦးတော့ ဒဏ်ရာမပြင်းဘူး။ခုက တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေတယ်”ဟု မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်

ခမ်းသားငေါဝ်း မေ ၁၆ ၊ ၂၀၂၄ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တိုင်းရင်းသားများ၏ဂီတအနုပညာလက္ခဏာများ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟို)အဖွဲ့ကမေလ(၁၅) ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ တိုင်းရင်းသားများ၏ ခေတ်ဟောင်းတေးသီချင်း၊ ဂီတသံစဥ်၊ ရိုးရာအကနှင့် ရိုးရာတူရိယာပစ္စည်းများနှင့် စပ်လျဥ်း၍ ကဏ္ဍအလိုက်မှတ်တမ်းစာအုပ်များ ထုတ်ဝေနိုင်ရေးအတွက် အထောက်အထားအပြည့်အစုံဖြင့် အချက်အလက်များပြုစုပေးပို့နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ၂၀၂၄ခုနှစ် မေလ(၇)ရက်နေ့ ရက်စွဲဖြင့်အကြောင်းကြားစာ…

You missed