Month: May 2024

လူထုနဲ့ တော်လှန်ရေးသမားတို့အကြား ရန်တိုက်ပေးဖို့ စစ်ကောင်စီက ဘာသာရေး အဆောက်အဦးတွေ ပစ်မှတ်ထား တိုက်ခိုက်နေ

ခမ်းသားငေါဝ်း ဧပြီ ၃၀၊ ၂၀၂၄ စာရေးသူ- ခွန်ပေ အရှေ့မျက်နှာ တစ်ပြင်လုံး မှန်တွေနဲ့ တည်ဆောက်ထားပြီး အပြာရောင် ဆေးသုတ်ထားတဲ့ ( ၃ ) ထပ်တိုက်ဘုန်းကြီးကျောင်းရဲ့အမိုးဟာ ပွင့်ထွက်နေကာ မြေပေါ်မှာမှန်စတွေ တစ်စစီပြန့်ကြဲ နေသလို သစ်နဲ့တည်ဆောက်ထားတဲ့ ပြတင်ပေါက်ဘောင်၊ အခင်းတွေလည်း ပျက်စီးလို့နေပါတယ်။ ဒါ့အပြင် ဘေးပတ်ဝန်းကျင်ရှိ သံဃနေဆောင်၊ ဆွမ်းသုံးဆောင်ကျောင်းဟာလည်း မီးလောင်လို့ ပြာသာသာ…

တီကျစ်ဒေသတွင် PNO ပြည်သူ့စစ်က ပြည်သူ့စစ်ခေါ်ခြင်း၊ဆက်ကြေးကောက်ခြင်း အတင်းအဓမ္မ ပြုလုပ်နေ

ခမ်းသားငေါဝ်း ဧပြီ ၃၀၊ ၂၀၂၄ တီကျစ်ဒေသတွင် PNO ပြည်သူ့စစ်က ပြည်သူ့စစ်ခေါ်ခြင်း၊ဆက်ကြေးကောက်ခြင်း အတင်းအဓမ္မ ပြုလုပ်နေပြီး ဧပြီနောက်ဆုံးထားစာရင်းပေးသွင်းရကြောင်းဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု တီကျစ်ဒေသတွင် PNOပြည်သူ့စစ်ကကျေးရွာအစည်းဝေးခေါ်ယူပြီး လုံခြုံရေးအတွက်ဆိုကာ တစ်ရွာနှစ်ယောက် တပ်သားသစ်ခေါ်ယူပြီးစာရင်းပေးရန် ဧပြီ၂၈ ရက်ကအစည်းဝေးပြုလုပ်ပြောဆိုခဲ့သည်။ “ရွာသူရွာသားတွေက သူတို့ကိုဆန့်ကျင်လို့မရဘူးလေ၊ သွားချင်တဲ့လူကိုရှာပြီး တစ်ယောက်ကို (၁၀)သိန်းလို့ သဘောတူထားတယ်၊ ကျွန်တော်တို့ရွာပေါ့ တခြားရွာတော့ဘယ်လိုပေးရလည်းမသိဘူး၊ လူနှစ်ယောက်လည်းကောက်ခံတယ်…

ဝိန်းလုံရွာတွင် စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားနေအိမ် ၅ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း ဧပြီး ၃၀၊ ၂၀၂၄ ဝိန်းလုံရွာတွင် စစ်ကောင်စီကတိုက် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သားနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တဘက်ကျေးရွာအုပ်စု ဝိန်းလုံရွာတွင် ဧပြီလ၂၉ ရက် ညနေခင်း ၄ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကတိုက် လေယာဉ် သုံးစင်းဖြင့် ဗုံး ၆ ကြိမ်လာကြဲချခဲ့သည်၊၊ “ရုတ်တရက်လာကြဲတာ။ ကံကောင်းလို့လူကမထိဘူး။…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အပါအဝင် ၇ လုံးပျက်စီး

ခမ်းသားငေါဝ်း ဧပြီ ၃၀၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တဂေးလောင်းကျေးရွာအား စစ်ကောင်စီကလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အဦး ၃ လုံး၊ ဆိုင် ၂ လုံးနှင့် အရပ်သားနေအိမ် ၂ လုံးထိမှန်သွားကြောင်း KNU ဗဟိုကထုတ်ပြန်ထားသည်၊၊ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့…