Month: May 2024

ဖယ်ခုံမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာ စဥ် တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသွာ

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ ဖယ်ခုံမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာ စဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနေအိမ်များအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ ညောင်ကုန်း ၅ ရပ်ကွက်တွင် မေလ ၁ ရက်၌ စစ်ကောင်စီကစစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်၊၊ ”မနေ့ညကတည်း နေအိမ်အချို့ကိုမီးရှို့နေတာ၊ ဒီမနက်…

ဆီဆိုင်ဒေသခံများ နေရပ်ပြန်နေရန်စစ်ကောင်စီကပြန်ခေါ်ပေမယ့် အများစုကပြန်မနေရဲသေး

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ တိုက်ပွဲ ငြိမ်နေပြီဖြစ်သည့် ဆီဆိုင်မြို့တွင် ဒေသခံများအား စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့်နေရပ်ပြန်ရန်ခေါ်နေပြီး ပြည်သူအများစုက မပြန်ရဲသေးကြောင့် ဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သောကြောင့် ပြည်သူများမြို့ထဲပြန်လာနေရန် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့် ပြန်ခေါ်နေကြောင်း သိရသည်။ “သူတို့ကတော့ ပြန်လာနေဖို့ခေါ်တာကြာပါပြီ ကျွန်မအနေနဲ့တော့…

အောင်ပန်းမြို့တွင် ဆိုင်ကယ်နှစ်စီး ယာဥ်တိုက်မှုဖြစ်ပွားပြီး မောင်းနှင်လာသူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ အောင်ပန်း- ပင်းတယသွားလမ်းတွင် ဆိုင်ကယ်နှစ်စီး ယာဥ်တိုက်မှုဖြစ်ပြီး ယာဥ်မောင်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှု အသင်းထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်းမြို့၊ အောင်ပန်း- ပင်းတယ သွားလမ်း၌ မေလ ၁ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွား ၍ ယာဥ်မောင်း နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊…

ပြောင်းခြွေစက် လာသယ်သူများကို ကျေးရွာလုံခြုံရေးအဖွဲ့က ဖမ်းဆီးကာ စစ်ကောင်စီလက်ထဲအပ်ပြီး ငွေ ၁၀ သိန်းဖြင့်လာရွေးခိုင်း

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ ကုန်းဆုံရွာနေ အမျိုးသား ၅ ဦး ဟံတနျားရွာသို့ ပြောင်းခြွေစက် လာသယ်စဉ် PNO ခန့်ထားသည့်ကျေးရွာလုံခြုံရေးအဖွဲ့က ဖမ်းဆီးကာ စစ်ကောင်စီလက်ထဲအပ်ပြီး မိသားစုဝင်များထံ ငွေ ၁၀ သိန်းဖြင့်လာရွေးခိုင်းကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုန်းဆုံရွာမှပင်လောင်းမြို့နယ် ၊ဟံတနျားရွာသို့ ဧပြီလ၂၉ ရက်နေ့က ပြောင်းခြွေစက် လာသယ်သည့်အမျိုးသား ၅…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် တောင်ပို့ကွဲရွာ စေတီနှင့် အဆောက်အဦးပျက်စီး

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တောင်ပို့ကွဲရွာအနောက်ဖက်ရှိ စေတီနှင့် အနီးနားရှိ အဆောက်အဦး တစ်ချို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊တောင်ပို့ကွဲကျေးရွာ တွင် ဧပြီလ ၃၀ ရက်နေ့က စစ်ကောင်စီရှိရာ ထီရီးရွာ လက်နက်ကြီးတပ်မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် ဘုရားစေတီနှင့် ဘာသာရေးအဆောက်အဦး တချို့ပျက်စီးသွားခဲ့သည်၊၊…

မြေမြုပ်မိုင်း အန္တရာယ်ကြောင့် သတ်မှတ်ထားသည့်နေရာ၌သာ သွားလာနေထိုင်ရန် IEC သတိပေး

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ ကရင်နီပြည်တွင် မြေမြုပ်မိုင်းအန္တရာယ်များကြောင့် သတ်မှတ်ထားသည့် နေရာ၌သာ သွားလာနေထိုင်ရန် ၊ကန့်သတ်ထားသည့်နေရာကို သွားလာခြင်း လုံးဝ မပြုလုပ်ရန် IEC က ယနေ့တွင် သတိပေး ထုတ်ပြန်ထားသည်။ ကယား(ကရင်နီ)ပြည်တွင် စစ်ကောင်စီအာဏာ သိမ်းမှု အကျိုးဆက်များအနက် မြေမြုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှု သိသိသာသာ တိုးပွားလာကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေး IEC…

နေအိမ်၊ ကျောင်း၊ ဘာသာရေး အဆောက်အဦးအပါအဝင် ပြည်သူပိုင်ပစ္စည်း ၁၁၀၀ ကျော်ကို စစ်ကောင်စီသိမ်းဆည်

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းစစ်ကောင်စီက နေအိမ်၊ ကျောင်း၊ ဘာသာရေး အဆောက်အဦးအပါအဝင် ပြည်သူပိုင်ပစ္စည်း ၁၁၀၀ ကျော်သိမ်းဆည်းခဲ့ကြောင်း နိုင်ငံရေးအကျဥ်း သားများ ကူညီရေးအသင်း AAPP ကမေလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ဒီမိုကရေစီအရေးတွင်တက်ကြွစွာ ပါဝင်လုပ်ရှားသူများ၊ သပိတ်အဖွဲ့ဝင်များ၊ ယခင်အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီဝင်များ၊ ပညာရေးဝန်ထမ်းများ၊…

ပန်းအွန်း၊ထမ်းယမ်ရွာသားများအား စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ရွာအပြင်မပေးထွက်ဘဲ ဓားစာခံအဖြစ် ဖမ်းထားဟုဆို

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ ပန်းအွန်း၊ထမ်းယမ်ရွာသားများအား စစ်ကောင်စီက ရွာအပြင်မပေးထွက်ဘဲ ဓားစာခံအဖြစ် ဖမ်းထားကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပင်အွန်း၊ ထမ်းယမ် ရွာသားများအား ခြံ၊ တောင်ယာပေးမသွားသည့်အပြင်၊ ရွာပြင်လည်း ထွက်ခွင့်မပေးဘဲ ပိတ်ပင်တားဆီးထားပြီး ဓားစာခံအဖြစ်ဖမ်းထားကြောင်းဆိုသည်။ “သူတို့ ခုလို ရွာသားတွေကို ခြိမ်းခြောက်တာဓားစာခံလုပ်တာတော့ တစ်ပတ်ကျော်ကျော်…

အချိန်အခါမဟုတ် မိုးထင်ချုန်းရွာသွန်းနိုင်သည့်အတွက် ပြည်သူများသတိပြုရန် မိုးဇလ သတိပေး

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ အနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း၊မေ လ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်ပြီး ပြည်သူများကြိုတင်သတိပြုနိုင်ရန် စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေလ ညွန်ကြားမှူးဦးစီးငှာနက သတိပေးထားသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း လျှပ်စီးလျက်ခြင်း၊ မိုးသီးကြွေခြင်း တို့ဖြစ်ပေါ်နိုင်ပြီး…

နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း NUG ပြော

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်း သားတော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူကပြောသည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တည်ထောင်ခြင်းသုံးနှစ်ပြည့် သတင်းစားရှင်းလင်းပွဲတွင် နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နုန်းအား…