ခမ်းသားငေါဝ်း
မေ ၃၀ ၊ ၂၀၂၄

မိုးအဆက်မပြက် ရွာသဖြင့် ဆောင်လန်တောင်၊ဆောင်လန်မြှောက်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရေး ခက်ခဲနေပြီးမိုးကာအရေးပေါ်လိုအပ်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ ပင်လောင်းနယ်စပ်ရှိ ဆောင်လန် စစ်ရှောင်စခန်းတွင် မေလ၂၅ ရက်နေ့ကစပြီး မိုးအဆက်မပြက်ရွာခြင်းကြောင်း မိုးကာများမလုံလောက်ခြင်း၊ ဆွေးမြေနေခြင်းကြောင့်မိုးယိုခြင်းရှိနေသည့်အတွက် စစ်ရှောင်များ နေထိုင်ရေးခက်ခဲနေသည်။

“မိုးကတောက်လျှောက်ရွာတယ်။ မတိတ်နိုင်ဘူး။အဲတာကြောင့် မိုးကာက တကယ်လိုအပ်နေတယ်။ တတ်နိုက်သလောက်ကူညီပေးဖို့လည်း တောင်းဆိုချင်ပါတယ်”ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးကပြောသည်။

ထို့အပြင် ယင်းစစ်ရှောင်စခန်းအနီးတစ်ဝိုက်တွင် လက်နက်ကြီး ကျရောက်မှုလည်း ရှိနေသေးကြောင်း သိရသည်။

ဆောင်လန်တောင်၊ဆောင်လန်မြှောက် စစ်ရှောင်စခန်းရှိ စစ်ရှောင်များသည် ကရင်နီပြည်မှ ဒီမောဆို၊လွိုင်ကော်၊မိုးဗြဲဒေသခံများဖြစ်ကြကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *