ခမ်းသားငေါဝ်း
မေ ၃၀ ၊ ၂၀၂၄

ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး အဆိပ်သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကောင်ငွုန်ရွာအသက်၂၄ နှစ်အရွယ်လူငယ်တစ်ဦးသည် မေလ၂၈ ရက်နေ့က စစ်ကောင်စီတပ်ထဲမဝင်ချင်သဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် အဆိပ်သောက်ခဲ့ရာ ရွာသားများဆေးရုံသို့ပို့ပေးခဲ့ခြင်းကြောင့် အသက်မဆုံးရှုံးခဲ့ရကြောင်း သိရသည်၊၊

“စောင့်ပေးတဲ့သူလည်းမရှိဘူး၊ သူကဆေးရုံအတင်းတောင်းဆင်းလို့ ခုဆေးရုံးကနေဆင်းသွားပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းလူငယ်သည် အသက်၂၄ နှစ်အရွယ် စိုင်းတုန်ဖြစ်ပြီး ဆေးရုံး တက်ချိန်တွင် မိဘ၊ ဆွေမျိုး၊ မောင်နှမနှင့် သူငယ်ချင်းများလည်း မစောင့်ပေးကြောင်း သိရသည်။

ဟိုပုံမြို့နယ်တွင် စစ်မှုထမ်းဥပဒေ ကြောင့် စစ်ကောင်စီက စစ်မှုထမ်း ခေါ်သည့် အပြင် PNO ပြည်သူ့ စစ်ကလည်း စစ်သားစုဆောင်းခြင်းများပြုလုပ်နေခြင်းကြောင်း ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *