ခမ်းသားငေါဝ်း
မေ ၃၀၊ ၂၀၂၄

ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း အခြေခံကုန်စျေးနှုန်းမြင့်တက်မှုကြောင့်တွက်ခြေမကိုက်ဘဲ ခရမ်းချဥ်သီးစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ရှိခရမ်းချဥ်သီးစိုက်တောင်သူများ ယခင်ထက် ခရမ်းချဥ်သီးစျေးကောင်းရနေသော်လည်း အခြေခံစားသောက် ကုန်နှင့် သွင်းအားစုကုန်များ ဈေးမြှင့်တက်လာခြင်းကြောင့် ရသည့်အမြတ်တွက်ခြေမကိုက်ဖြစ်နေရ သည်။

“ယခင်ထက်တော့စျေးတက်လာတယ် ခရမ်းချဥ်သီးက ဒါပေမယ့် ကုန်စျေးနှုန်းတွေမြင့်တက်တော့မကိုက်ပါဘူး မြေသြဇာတောင် တစ်အိတ် ၁ သိန်း ၈ သောင်းရှိနေပြီ ဒါတောင်ဆေးကဖြန်းရသေးတယ် ခူးတဲ့အခါလည်း မြန်မြန်ခူးရတော့ သူများကိုပါခေါ်ရတော့အဲအတွက်လည်းအခပေးရတယ်အဲကြောင့်မကိုက်ဘူး”ဟု ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦးကပြောသည်။

မတ်လတွင် ခရမ်းချဥ်သီး တစ်ပိဿာလျှင် ၃၀၀၊၄၀၀ ကျပ်နှင့် အများဆုံး ၅၀၀ ကျပ်အထိသာရသော်လည်း ယခုတွင်ခရမ်းချဥ်သီးတစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၃၅၀၀ ကျပ်အထိရနေသည်ဟုသိရသည်။

ပင်လောင်းဒေသအချို့တွင် ခရမ်းချဥ်သီး အဓိကစိုက်ပျိူးလျက်ရှိပြီး စားဝတ်နေရေးအတွက် ၎င်းကိုမှီခိုရသည့်အချိန်တွင် ကုန်စျေးနှုန်းအတက်အကျအလိုက် အခက်အခဲရှိနေသည်ဟုသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *