ခမ်းသားငေါဝ်း
မေလ ၂၉၊ ၂၀၂၄

ရခိုင်တွင် နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိနေသည့် ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေးအပေါ်ရပ်တည်ကြရန် အမျိုး သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် အနောက်တံခါးပြဿနာဟုခေါ်သည့် ပထဝီနိုင်ငံရေးပြသနာဟာ ကိုလိုနီစနစ်၏ အမွေဆိုးတစ်ခုအနေဖြင့် အခုချိန်ထိခံစားနေရကြောင်း၊ ယခုအချိန်တွင် ရိုဟင်ဂျာအရေးနှင့် ပါတ်သက်ပြီး စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တစ်ဖန်ကြံစည်တွန်းပို့နေကြာင်း NUG ကထုတ်ပြန်ထားသည်။

” လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်) အရေးနဲ့ပါတ်သက်ပြီးတော့ ကျတော်တို့ဟာ အတိတ်ကကြုံခဲ့ဖူးတဲ့ ချည်းကပ်မှုအမှားတွေကို သင်ခန်းစာယူနိုင်ဖို့လိုတယ်လို့ယူဆပါတယ်၊ ကျွန်တော်တို့ အနေနဲ့ ငြိမ်ချမ်းစွာ အတူယှဥ်တွဲ ရေးအပေါ်မှာလည်း ရှုမြင်ကြဖို့လိုပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တည်ဆဲအခင်းအကျင်းတွင် ဖြစ်ပျက်နေသည့် လူမျိုးရေးကတောက်ကဆဖြစ်မှုကို တတ်နိုင်သမျှအပြီးသတ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေအကူညီဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအခြေအနေကို အပြင်းထန်ဆုံးအဆင့်ထိရောက်မသွားအောင် အာရက္ခတပ်တော် AA နှင့် သက်ဆိုင်ရာမွတ်ဆလင်အသိုင်းအဝိုင်းက ဝိုင်းဝန်းအာရုံစိုက်ကြိုးစားနေခြင်းများကိုလည်းတွေ့ရကြောင်း NUG ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *