ခမ်းသားငေါဝ်း
မေ ၂၉ ၊ ၂၀၂၄

ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ပေါင်း ၅၉ မြို့ထိရှိလာသည်ဟု BNI – Myanmar Peace Monitor ကထုတ်ပြန်ထားသည်။

အဆိုပါသိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် မြို့များမှာ ရှမ်းမြောက်တွင် ၁၇ မြို့၊ ချင်းတွင် ၁၃ မြို့၊ ရခိုင်တွင် ၁၀ မြို့ ၊ စစ်ကိုင်းတွင် ၅ မြို့၊ ကရင်နီ (ကယား)တွင် ၅ မြို့၊ ကချင်တွင် ၄ မြို့၊ ရှမ်းပြည်တောင်ပိုင်းတွင် ၂ မြို့၊ ကရင်တွင် ၂ မြို့၊ ပဲခူးတိုင်း တွင် ၁ မြို့ ဖြစ်ကြောင်း BNI- Myanmar Peace Monitor ကဖော်ပြထားသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊မေလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ် မေလ ၁၅ ရက်နေ့အထိ နှစ်နှစ်ကျော်ကာအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၅၄ ကြိမ်ပြုကျူးလွန်ခဲ့ပြီး အရပ်သား ၁၄၄၆ ဦးသေဆုံးခဲ့ကြောင်း BNI-Myanmar Peace Monitor ကဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များကြောင့် ရှုံးမဲမဲနေသည့်စစ်ကောင်စီသည် ပြည်သူများကို ဦးတည်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်လာနေကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *