ခမ်းသားငေါဝ်း
မေ ၂၉ ၊ ၂၀၂၄

တောင်ကြီးမြို့နှင့်အနီးတစ်ဝိုက်တွင်ကားများကို ခိုးယူနေသည့် သူခိုးများကို ရဲတပ်ဖွဲ့များက မေလ ၂၇ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း တောင်ကြီးမြို့ခံထံက သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပလီလင်းရွာရှိ သာစည််စားသောက်ဆိုင်ရှေ့တွင် ဇော်မိုးဟိန်း(၄၀)နှစ်နှင့် မြင့်မောင်မောင်ဦး၊ ၄၄ နှစ်တို့ (၂)ဦးအားခိုးထားသည့် ကားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သူတို့ဖမ်းမိတယ်လို့ကြားတယ်။ ဖမ်းမိပြီးတော့ ထိထိရောက်ရောက်အရေးယူဖို့လိုတယ်။ ဆိုင်ကယ် သူခိုး ၊ကားသူခိုးတွေက တောင်ကြီးမှာ အရမ်းဆိုးတာ။”ဟု တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

တောင်ကြီးမြို့တွင် (CCTV)မှတ်တမ်းအရ ရဲတပ်ဖွဲ့ဝင်များသည်တောင်ကြီးမြို့ပေါ်အတွင်း ခိုးယူနေသည့်ကားသူခိုးများအား ဖော်ထုတ်ဖမ်းဆီးရမိစေရေး ဆောင်ရွက်ခဲ့ရာ လိုက်လံခိုးယူနေသည့် 3F-1639 Honda Fit အဖြူရောင်ကားအား‌မေလ၂၇ ရက်နေ့တွင်ရှာဖွေ ဖမ်းဆီးခဲ့သည်။

ဖမ်းမိသူများကို စစ်မေးရာ မြို့ပေါ်အတွင်း ကားများလိုက်လံခိုးယူနေသည့် အဖွဲ့ဖွဲ့ ပြီး ခိုးကာ ၎င်းတို့အဖွဲ့ သည် အေးသာယာမြို့တွင်အိမ်ငှါးနေထိုင်ကြောင်း စီစစ်ဆေးတွေ့ရှိရသဖြင့် အေးသာယာမြို့၊ အိမ်အမှတ် (၁၀/၃၇၀) နေအိမ်အားဝင်ရောက်ရှာဖွေဖမ်းဆီးရာ အောင်ကိုမင်း၊ ၃၆ နှစ်နှင့် ငြိမ်းချမ်းအောင် (ခ)မောင်ကျော်၊ ၃၆ နှစ်တို့(၂)ဦးအား ထပ်မံပြီး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထိုသူတို့ ငှားနေနေသည့် နေအိမ်အတွင်းထပ်မံရှာဖွေရာ 2P-1307 Honda Wish နှင့် 2N-6731 Honda Wish ယာဉ် (၂)စီး၊ မာစတားကီး(၆)ချောင်း၊ ကားသော့မျိုးစုံ(၁၅)ချောင်း၊ ခိုးယူထားသည့် ကားများ၏ နံပါတ်ပြားမျိုးစုံ(၇)စုံတို့အား ထပ်မံ သိမ်းဆည်းရမိ‌ခဲ့‌ကြောင်းသိရပါသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် တောင်ကြီးမြို့နှင့်အနီးတစ်ဝိုက်တွင် ကားသူခိုး၊ဆိုင်ကယ်သူခိုးများသောင်းကျန်းလျက်ရှိကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *