ခမ်းသားငေါဝ်း
မေ ၂၈၊ ၂၀၂၄

ရှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၁၂၆ ရက်အတွင်းတွင် အရပ်သား ၇၅ ဦးသေဆုံးပြီး ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က မေလ ၂၈ ရက်ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်း၊ဟိုပုံး၊ညောင်ရွှေ၊ဆီဆိုင် တိုက်ပွဲအတွင်းသေဆုံးမှုသူများသည် လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးထိမှန်ခြင်း၊ အဖမ်းခံရပြီး သေဆုံစခြင်းတို့အများဆုံးဖြစ်ပြီး တစ်ခြား သေဆုံးမှုလည်းပါဝင်ကြောင်း သိရသည်။

“မြေပြင်တိုက်ပွဲတည်ငြိမ်ပေမယ့်လည်း မိုင်းရှင်း လင်းရေး မလုပ်နိုင်တဲ့ကာလမှာ အရပ်ပြည်သူတွေကို အိမ်ပြန်ရန် ဖိအားပေးတဲ့ကိစ္စရပ်မျိုးကို မလုပ်ဖို့ လိုအပ်ပါတယ်၊ အရပ်သားပြည်သူကို စစ်ရဲ့အားသာချက် အသုံးပြုတာမျိုး မလုပ်သင့်ဘူး။ ဖြစ်လာတဲ့နောက်ဆက်တွဲကို တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းလည်း ကျမတို့ မတွေ့ရပါဘူး။ “ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူမနန်းကပြောသည်။

သေဆုံးမှုတွင်အမျိုးသား ၅၂ ဦး၊အမျိုးသမီး ၄ ဦးကလေးငယ် ၁၃ ဦး ၊ကျားမအတည်မပြုနိုင် ၆ ဦးတို့ ပါဝင်ကြောင်းသိရသည်။

တိုက်ပွဲများကြောင့် အရပ်သား ၅၉၀၀၀ ဦးစစ်ဘေးရှောင်ရပြီး၊အရပ်သားနေအိမ် ၆၄၅ ခု၊ဘာသာရေးအဆောက်အဦး၂၇ ခု၊စာသင်ကျောင်း ၁၃ ခု၊လမ်းတံတား ၄ ခု၊ဆေးရုံဆေးခန်း ၄ ခု၊ စျေး ၁ ခုလည်း တိုက်ပွဲအတွင်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *