ခမ်းသားငေါဝ်း
မေ ၂၈ ၊ ၂၀၂၄

ကောင်ဝိန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများတိမ်းရှောင်နေရစဥ် ရွာအတွင်းရှိ အိမ်ဆောက်ရန်သစ်များကို စစ်ကောင်စီက ခိုးယူနေကြောင်း ဒေသခံထံသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု ကောင်ဝိန်တန်နှင့် ကောင်ဝိန်ပေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက ပြည်သူများမနေရဲရန် လက်နက်ကြီးများပစ်ခံနေကြောင်းသိရသည်။

“စစ်ကောင်စီကသူတို့ထင်ရာ လက်နက်ကြီးတွေနဲ့ ပစ်လာနေတာ၊ ရွာသားတွေကမနေရဲပဲ ထွက်ပြေးတိမ်းရှောင်ကြတော့ ရွာမှာရှိတဲ့ အိမ်ဆောက်ရန်သစ်တွေကအစသူတို့ယူကုန်တာ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကောင်ဝိန်တန်နှင်ကောင်ဝိန်ပေးရွာရှိ ဒေသခံနေအိမ်အချို့တွင် အိမ်ဆောက်ရန်သစ်များအခိုးခံနေရပြီး အခြားပစ္စည်းများလည်း အခိုးခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ဒီဘက်မှာ (PNLA) ၊ ကရင်နီ(တော်လှန်ရေးအင်အား စုများအားစု)PDF မရှိကြဘူး ဗမာစစ်သားဘက်က စိတ်အထင်နဲ့ပစ်လာနေတာ လူမရှိတဲ့အခါ သူများသစ်ကိုသူတို့ယူကြတယ်” ဟု၄င်းကဆက်ပြောသည်၊၊

နောင်ကျောရွာတွင်လည်း မေလ(၂၂)ရက်နေ့တွင် ဒေသခံမှအနှစ်နှစ်အလလကြာ ဝယ်ယူစုထားသည့် အိမ်ဆောက်ပစ္စည်း အိမ်သုံးလုံးစာကို စစ်ကောင်စီတပ်မှ သိမ်းယူသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်ရှိ နောင်သဲင်၊ နောင်ကျော၊ ကောင်ဝိန်တန်၊ ကောင်ဝိန်ပေး စသည့်ကျေးရွာတွေများတွင် PNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ မရှိသော်လည်း စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် နောင်ကျောဘုန်းကြီးကျောင်း သိမ်ကျောင်းနှင့် ကောင်ဝိန်ရွာနေအိမ်သုံးလုံးပျက်စီးခဲ့ပြီဖြစ် ကြောင်း သိရသည်၊၊

PPV007

Leave a Reply

Your email address will not be published. Required fields are marked *